စင်ကာပူရှိ ဘဏ်အလုပ်အကိုင်တွေအတွက် အခက်အခဲရှိ

စင်ကာပူ လူအင်အားဌာနက ထုတ်ပြန်တဲ့  စာရင်းများအရ ဘဏ္ဍာ ရေးကဏ္ဍက  စင်ကာပူရှိ အလုပ်အကိုင် များအတွက် အဓိကအရင်းအမြစ်တစ်ခု ဖြစ်ကြောင်းနဲ့     စက်တင်ဘာ အထိ စာရင်းအရ  ဝန်ထမ်းနှစ်သိန်းကျော်ရှိပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ရဲ့ ၁၂ ရာခိုင်နှုန်းရှိကြောင်း စီအင်န်အေ သတင်းအရ သိရပါတယ်။ဘဏ္ဍာရေးကဏ္ဍ   တစ်ခုလုံးရဲ့ အလုပ်အကိုင်သစ်ရရှိမှုက  တတိယ သုံးလပတ်မှာ  အလုပ်အကိုင်  ၂၆၀၀ ပိုမိုရရှိပြီးတိုးတက်မှု    ရှိခဲ့ပေမယ့် ဘဏ်လုပ်ငန်းကဏ္ဍရဲ့  အချို့နယ်ပယ် တွေမှာ အလုပ်အကိုင်အခြေအနေ က အခက်အခဲနဲ့ ရင်ဆိုင်နေရတာကို တွေ့ ရကြောင်း လူအင်အားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းများအရ သိရပါတယ်။အမျိုးသားအဆင့် စီးပွားရေးဖြစ် တဲ့မေခရိုစီးပွားရေးအားနည်း မှုနဲ့ ကြီး ကြပ်ထိန်းချုပ်ရာမှ တင်းကျပ်မှုကြောင့် ကုန်ကျစရိတ်တွေ မြင့်မားလာတဲ့အတွက် ကမ္ဘာ့ဘဏ်တွေမှာအကျိုးအမြတ်ကျ ဆင်းလျက်ရှိပါတယ်။    ကဏ္ဍတစ်ခုလုံး ကို ခြုံကြည့်မယ် ဆိုရင် ၂၀၁၅ ခုနှစ်မှာ ဘဏ်အလုပ်အကိုင်ပေါင်း တစ်သိန်းနီး ပါး   ကျဆင်းမယ်လို့Financial Times  သတင်းဌာနက   ခန့်မှန်းထားပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအ တာနဲ့ကြည့် ရင် စတန်းဒတ်ချာတာ ဘဏ်၊ ဘာက လေဘဏ်နဲ့     ဒွိုက်ချ်ဘဏ်တို့ကဦးဆောင်ပြီး အလုပ်အကိုင်တွေ လျှော့ ချလျက်ရှိရာ  အာရှမှာ အဓိကဘဏ္ဍာ ရေး  ဗဟိုဌာနတစ်ခုဖြစ်တဲ့  စင်ကာပူ နိုင်ငံမှာလည်း  အလုပ်အကိုင် လျှော့ချ ရတဲ့အဖြစ်မှလွတ်ကင်းမှုမရှိခဲ့တာ တွေ့ ရပါတယ်။စီးပွားရေးလုပ်ငန်း  ပုံစံသစ်တွေ ကလည်း ရှေးရိုးစဉ် လာ ဘဏ်လုပ်ငန်း တွေကို အနှောင့်အယှက် အဟန့် အတား ဖြစ်စေခဲ့ပါတယ်။''ဒစ်ဂျစ်တယ်စနစ်နဲ့ ဆောင်ရွက် တဲ့ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာသစ်တွေက ရှေးရိုးစဉ်လာ ဘဏ်လုပ်ငန်းတွေ အတွက် စိန်ခေါ်မှု တွေဖြစ်ခဲ့ပါတယ်။ဘဏ်အလုပ်အကိုင် တွေ လျှော့ချရတဲ့အကြောင်းတွေထဲမှာ ဒစ် ဂျစ်တယ်ဘဏ်လုပ်ငန်းနဲ့ အွန်လိုင်း ဘဏ်လုပ်ငန်းတွေ ထွန်းကားလာရတာ ကအဓိကအကြောင်းရင်းဖြစ်နိုင်ပါ တယ်။ဒါကြောင့်      လာမယ့်တစ်နှစ် နှစ်နှစ်အတွင်း ဒီလိုပဲ ဆက်ဖြစ်မယ်လို့ ထင်ပါ တယ်''လို့Deloitte Singapore  မှ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်း ခေါင်းဆောင်မစ္စတာဟိုကုတ်ယောင်း က ပြောပါတယ်။