ထိုင်းဆန်ပြည်ပတင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိ

လာမည့်ှနှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်ပြည်ပတင်ပို့မှုသည်တန်ချိန် ၉သန်း ခွဲ မှ၁၀သန်းအထိ ရှိနိုင်သည်ဟုခန့်မှန်း ထားပြီး၊ ထိုင်းနိုင်ငံ၏ ဆန်ပြည်ပတင်ပို့မှုအလားအလာ ကောင်းမွ  န်ေ နကြောင်း ထိုင်း ဆန်ပြည်ပတင်ပို့သူများအသင်းမှ ပြောကြားခဲ့ပါသည်။တရုတ်၊ ဖိလစ်ပိုင်နိုင်ငံများသို့ အစိုးရချင်းစနစ်ဖြင့် ဆန်ရောင်းချမှုများ ကြောင့် ထိုင်းနိုင်ငံ၏ ဆန်ဈေးကွက် အခြေ အနေသည်တည်ငြိမ်လျက်ရှိ ကြောင်း ထိုင်းဆန်ပြည်ပတင်ပို့သူများ အသင်းဥက္ကဋ္ဌ Mr. Charoen ကပြော ကြားခဲ့ပါသည်။မိုးခေါင်မှု၏ အကျိုးဆက်အဖြစ် စပါးထွက် ရှိမှု လျော့နည်းခြင်းေ ကြာင့် အစိုး ရ အနေဖြင့် လာမည့်နှစ်တွင် ၎င်းင်း သိုလှောင်ထားသော ဆန်များကို ပိုမို ရောင်းချနိုင်မည်ဟု မျှော်လင့်ထားပါ သည်။ မိုးခေါင်မှုကြောင့်  လာမည့်နှစ် တွင် စပါးထွက်ရှိမှုသည် ၅၀ ရာခိုင်နှုန်း လျော့နည်း၍ တန်ချိန် ၄သန်းမှ ၅ သန်း သာရှိနိုင်ကြောင်း ခန့်မှန်းထားကြပါ သည်။မိုးခေါင်မှုသည် များစွာသော နိုင်ငံ များအား ဆန်ဝယ် ရန် စေ့ဆော်ပေးလျက် ရှိသည့် အားလျော်စွာ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဆန်ပိုမိုဝယ်ယူ လိမ့်မည်ဟု မျှော်မှန်းထားကြပါသည်။ ထိုင်းဆန်ပြည်ပတင်ပို့မှုနှင့် ဆန်ဈေးနှုန်း များအတွက် အလား အလာကောင်း များ ဖြစ်ပေါ်လျက်ရှိပြီး အီရန်၊ စင်ကာပူနှင့် ဟောင်ကောင်နိုင်ငံများသို့ ဆန်ပိုမိုရောင်း ချနိုင်မည်ဟု မျှော်လင့်ထားကြပါသည်။ထိုင်းနိုင်ငံ အစိုးရသည် အင်ဒိုနီး ရှား ဆန်ဝယ် ယူရေးေ အ ဂျင်စီ (Bulog)  သို့ဘတ်၈ ဘီလီယံဖိုးရှိသော ဆန်တန် ချိန် ၅သိန်း ရောင်းချရန် နိုဝင်ဘာလ ဒုတိယရက်သတ္တပတ် အတွင်းတွင် အရောင်းအဝယ်စာချုပ် လက်မှတ်ရေး ထိုးမည်ဖြစ်ေ ကြာင်း၊ ဝန်ကြီးချုပ်ပရာ ယွတ် လက်ထက်တွင် ထိုင်းနိုင်ငံသည် အစိုးရချင်း ရောင်းဝယ်သည့် စနစ်ဖြင့် ဆန်တန်ချိန် ၂သန်းကျော် ရောင်းချပြီး ဖြစ်ကြောင်း သိရှိရပါသည်။

ရီရီမွန်၊
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့