ပြည်တွင်းစားသုံးမှု တိုးတက်စေရန် ဆောင်ရွက်မည့် အစီအမံများအား တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာ

မလနှောင်းပိုင်းက တောင် ကိုရီးယားနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် နြျွှ ရောဂါပြန့်ပွားမှုကြောင့် ကျ ဆင်းသွားသည့် စီးပွားရေးအခြေအနေ ကို ပြန်လည်မြှင့်တင်ရန်နှင့်ပြည်တွင်းစားသုံးမှုတိုး ပွားလာစေရန်တို့အတွက် ဆောင်ရွက်မည့်အစီအမံများအဖြစ် ယခုနှစ် ကုန်ဆုံးချိန်အထိ မော်တော်ကားများနှင့်အီလက်ထရောနစ် ပစ္စည်းများအပေါ် ကောက်ယူသည့်အခွန်များ ကို လျှော့ေ ပါ့ သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။  အဆိုပါ ဆုံး  ဖြတ်ချက်သည် သြဂုတ်လ ၂၆ ရက်နေ့ က ဘဏ္ဍာရေးဝန်ကြီး၏  ပုံမှန် အစည်း အဝေးအပြီးတွင် ထွက်ေ ပါ်လာ ခဲ့ခြင်း ဖြစ်သည်။မော်တော်ကားသစ်တစ်စီး ဝယ် ယူလျှင် ယခင်ကအခွန်ငါးရာခိုင် နှုန်း ကောက်ယူရာမှ ၃ ဒသမ ၅ ရာခိုင် နှုန်းသို့ လျှော့ချမည်ဖြစ်ရာ ကားငယ် လေးများ အတွက် အကြမ်း ဖျဉ်းအား ဖြင့် ဝမ် ၃၀၀ç၀၀၀ ခန့်၊ ဆီဒင်ကားများ အတွက် ဝမ် ၅၀၀၀၀၀ မှ ၆၀၀ç၀၀၀ ခန့်သက်သာ သွားနိုင်မည် ဖြစ်သည်။ မော်တော်ကားလုပ်ငန်း ဈေးကွက်တွင် ကုန်သည်ပွဲစား ၄၃၀၀၀၀ ဦးခန့်ရှိနေ ပြီး၊ မော်တော်ကား  လက်လီအရောင်း နှုန်းသည် ဈေးကွက်တစ်ခုလုံး၏ ၁၀ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှယ်ယာရှိနေ သောကြောင့်  ယခုကဲ့သို့ အစိုးရ၏ဆောင် ရွက် ချက် သည် နိုင်ငံ့စီးပွားရေး ကို များစွာအကျိုးသက်ရောက်နိုင်ပါ ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အရာ ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။ယင်းကဲ့သို့ အခွန်လျှော့ေ ပါ့ခြင်း သည် နိုင်ငံ စီးပွားေ ရး ဖွံ့ဖြိုးမှုကို သုည ဒသမ ၀၂၅ ရာခိုင်နှုန်းခန့် တိုးလာနိုင် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက လည်း ခန့်မှန်းတွက်ချက်ထားသည်။ ရေခဲသေတ္တာ၊ တီဗီစသည့် အီလက် ထရောနစ်ပစ္စည်း များအပေါ် ကောက်ခံ သည့် အခွန်ကိုလည်း ယခင်ငါးရာခိုင် နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချ သွားမည်ဖြစ်သည်။ ရေမွှေးအပေါ် ကောက်ခံသည့်     အခွန်ကိုလည်း ၇ ရာခိုင်နှုန်းမှ ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်သည်။     

  သန့်ဇင် စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့