စင်ကာပူနိုင်ငံ၌SMEs လုပ်ငန်းများအတွက် ပြည်ပလုပ်သားယာယီသုံးစွဲခွင့်ပြုမည့် အစီအစဉ်သစ် တစ်ရပ်ချမှတ်

စင်ကာပူနိုင်ငံတွင် စီးပွားရေး စနစ်ပြန်လည်တည်ဆောက်ရာ၌ အသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများ (SMEs)  အားအဟန့် အတားပြုလျက်ရှိသော လက်ရှိအလုပ် သမား မူဝါဒနှင့် လုပ်သားဈေးကွက် ကျပ်တည်းမှုတို့နှင့်ပတ်သက်၍ လုပ် ငန်းရှင်များထံမှသဘောထားမှတ်ချက်များအပေါ်တုံ့ပြန်မှုအဖြစ် ပြည်ပ လုပ်သားယာယီ သုံးစွဲခွင့်အစီအစဉ် သစ်တစ်ရပ် ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းစင်ကာပူအလုပ်သမားဝန်ကြီးဌာနမှ သြဂုတ်လ ၁၉ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ခဲ့ပါသည်။စင်ကာပူနိုင်ငံ ၏ အလုပ် သမား မူဝါဒ မှာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ၌ ပြည်ပအလုပ်သမား အင်အားစုအပေါ် အမှီပြုလုပ်ကိုင်ရသည့်အနေအထားမှ စွမ်းဆောင်ရည် မြင့်မားသောပြည်တွင်း လုပ်သားအင်အား အနည်း ငယ်ဖြင့် ကျစ်လျစ်ခိုင်မာသည့် စီးပွားရေးလုပ် ဆောင်မှုစနစ်သို့ပြောင်းလဲရန်ဖြစ်ပါ သည်။သို့ဖြစ်ရာစီးပွားရေးလုပ်ငန်းများအနေဖြင့် အလုပ်အကိုင်နေရာများတွင်နိုင်ငံသား များနှင့်    အမြဲ တမ်းနေ ထိုင်ခွင့် လက်မှတ်  (PR) ကိုင်ဆောင်သူ များကိုဦးစားပေးခန့်ထားရပြီး ပြည်ပ အလုပ်သမားများကိုခွဲတမ်းသတ်မှတ်  ချက်ဖြင့်သာခန့်ထားခွင့်ရှိပါသည်။ လက်ရှိကာလတွင် ကုမ္ပဏီ၌ပြည်တွင်းလုပ်သားခန့်ထားမှုအပေါ်မူတည်၍ ကျွမ်းကျင်သူလက်မှတ် (S Pass)  ကိုင်ဆောင်သည့် နိုင်ငံခြားသားဝန် ထမ်းများကိုခန့် ထားခွင့်ပြုသည့်ခွဲတမ်း မှာစုစုပေါင်းဝန်ထမ်း အင်အား၏ ၁၅ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်း အတွင်း သာရှိပါသည်။ ကုမ္ပဏီ၌သာမန်အလုပ် သမားပါမစ်(Work Permit)ကိုင် ဆောင် သူပြည်ပလုပ်သားအင်အားကို လျှော့ချမှုပြုပါက S Pass  ကိုင်ဆောင်သူ နိုင်ငံခြားသားဝန်ထမ်း အင်အားကို လည်း အချိုးကျလျှော့ချရမည်ဖြစ်သည်။  
ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် လေလွင့်မှုအနည်းဆုံး ဖြင့် လုပ်ငန်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်(Lean Enterprise Development (LED) Scheme) အရ ပြည်တွင်းဝန်ထမ်းအင်အားကို မဏ္ဍိုင် ပြုလျက်  လုပ်ငန်းဖွဲ့စည်းပုံပြောင်းလဲသည့် အကူးအပြောင်းကာလအတွင်းSMEs လုပ်ငန်းများအနေဖြင့်ပြည်ပ လုပ်သားများအနက် အလုပ် သမားပါ မစ်ကိုင်ဆောင်သူ အင်အားလျှော့ချ သော်လည်းS Pass  ဝန်ထမ်းအင်အားကို ယာယီဆက်လက်ထိန်းသိမ်းထားခွင့်ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် အနာဂတ် ကာလ၌ တာဝန်ပေး အပ်ရန် အတွက် ပြည်တွင်းရှိ ကျောင်းသားလူငယ်များ ကို  ပိုလီတက္ကနစ်နှင့်  အသက်မွေးဝမ်း ကျောင်းသိပ္ပံတို့တွင် လေ့ကျင့်သင်ယူမှု အထောက် အပံ့များကိုပေးအပ်လျက်ရှိ သောSMEs များသည် ၎င်းင်းလူငယ်များ လုပ်ငန်းခွင်ဝင်ရောက်ခြင်းမပြုမီကာလအတွင်းလုပ်ငန်းတိုးချဲ့လုပ်ကိုင်ရာတွင် လိုအပ်သော S Pass ကိုင်ဆောင်သူ ပြည်ပအလုပ်သမားများကို   ယာယီခန့် ထားခွင့်ရရှိမည်ဖြစ်သည်။ အလားတူ  မိမိလုပ်ငန်းခွင်ရှိ    ပြည်တွင်းအလုပ် သမားများ၏  စွမ်းဆောင်ရည်ကိုမြှင့် တင်ရန်အတွက် နည်းပညာရပ်များကို သင်ကြားပို့ချ မည့်  ပြည်ပမှ ကျွမ်း ကျင်သူ ပညာရှင်များအား   ယာယီငှားရမ်းခန့် ထားခွင့်ကိုလည်းရရှိနိုင်မည်ဖြစ်သည်။
LED  အစီအစဉ်နှင့်ပတ်သက်၍ စင်ကာပူနိုင်ငံအလုပ်သမားဝန်ကြီး Mr.Lim Swee Say ကယခုအစီအစဉ်မှာ ဂငယ်ကွေ့ချိုး၍ နောက်ကြောင်းပြန် လှည့်ခြင်း မဟုတ်ဘဲ ပြုပြင်ပြောင်း လဲ ရေး လုပ်ဆောင်သည့် ကြားကာလ အတွင်းနိုင်ငံခြားသား အလုပ်သမားငှား ရမ်းနိုင်မှုကိုပိုမိုရရှိစေရန် စီစဉ်ပေးခြင်း မျှသာဖြစ်ကြောင်းပြောကြားပါသည်။ စင်ကာပူနိုင်ငံရှိ အသေး စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ အသင်းက လည်း ဤအစီအစဉ်သည် အသွင်ကူး ပြောင်းသည့်ကာလအတွင်း ပြည်ပလုပ် သားငှားရမ်းခွင့်ရရှိစေမှုနှင့်အတူ တီထွင် ဆန်း သစ် မှုနှင့်ထုတ်လုပ်နိုင် စွမ်းကို တိုးမြှင့် လုပ်ဆောင်လာစေရန် ကုမ္ပဏီလုပ်ငန်းများအား တွန်းအား ပေးလိမ့်မည်ဖြစ်ကြောင်း၊ ယခုအစပြု ဆောင်ရွက်မှုမှ စားသောက်ကုန်နှင့် အဖျော်ရည် လုပ် ငန်း၊ အင်ဂျင်နီယာ ဆိုင်ရာလုပ်ငန်း နှင့်ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍများကို အကျိုးဖြစ်ထွန်း စေမည် ဖြစ်ကြောင်းပြောဆိုပါသည်။SMEs  လုပ်ငန်းများအနေဖြင့် ဤအစီ အစဉ်မှ အခွင့် အရေးများကိုရယူ ဆောင်ရွက်ကြရန် အမျိုးသားကုန် သွယ်မှုအလုပ်သမားသမဂ္ဂ ကွန် ရက်က တိုက်တွန်းနှိုးဆော်ထားပါ သည်။
စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနသည် လေလွင့်မှုအနည်း ဆုံးဖြင့် လုပ်ငန်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ်အား ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ  စတင် ၍  နှစ်နှစ်တာကာလအထိ ကနဦး အကောင်အထည်ဖော် လုပ်ဆောင် မည်ဖြစ်သည်။ ဤအစီအစဉ်၌ပါဝင် လိုသည့် ှနြျ လုပ်ငန်းများသည် နှစ် နှစ်မှ သုံးနှစ်အထိအချိန်ကာလ အတွင်း လုပ်ငန်း အသွင်ကူးပြောင်းရေးဆောင် ရွက်မည့်အစီအမံများကိုဖော်ပြလျက် အဆိုပြုလွှာတင်သွင်းရမည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနသည် ၎င်းင်းစီမံချက် များအပေါ် နှစ်စဉ်စိစစ်သုံးသပ်မှုပြု မည်ဖြစ်ပြီးSMEs များအနေဖြင့်LED  အစီအစဉ်ပါ အခွင့်အလမ်းများကို အများဆုံး သုံးနှစ်ကာလအထိရယူခံစား နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့