အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းမှုများတိုးတက်

ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်မှုသဘောတူ ညီချက်ရရှိရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို ဆောင် ရွက်ရာမှာအရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က သမိုင်းတင်လောက် တဲ့  တိုးတက်မှု တွေရရှိထားကြောင်း  အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံရဲ့ပြောကြားချက် ကို ကိုးကားပြီး စီအင်န်အေသတင်းမှာ  ဖော်ပြပါ တယ်။မလေးရှားနိုင် ငံ၊ ကွာလာလမ်ပူ မြို့မှာ ဆွေး နွေးလျက်ရှိတဲ့ အာဆီယံဝန်ကြီးများကအခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီးနောက် ဒေသဆိုင်ရာဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Compre hensive Economic Partnership-RCEP) သဘောတူညီချက်ကို သြဂုတ်လ ၂၄ ရက်နေ့က ရရှိ ခဲ့ပါတယ်။(၄၇)ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီး များ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးများသို့ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက် ရောက်ခဲ့ကြပါတယ်။''ကမ္ဘာတစ်ဝန်းမှာ ဖိအားပေးမှုတွေ ရှိနေ တာကို ထင်ထင်ရှားရှား  တွေ့မြင့်ရမှာပါ။ ဒါပေမယ့် အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက  ကမ္ဘာပေါ်မှာ အင်အားခိုင်မာတောင့်တင်းမှုအရှိဆုံး ဒေသဖြစ် တာကြောင့် ဒီသဘော တူညီ ချက်အမျိုးမျိုးကို ဆက် လက် အကောင်အထည်ဖော်နိုင်မှ စီးပွားရေးဖွံ့ဖြိုး မှုနဲ့ သာယာဝပြောမှုကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ နားလည်သဘောပေါက်ထား ပါတယ်''လို့ သြစတြေးလျနိုင်ငံ ကုန်သွယ်ရေးနဲ့  ရင်းနှီးမြှုပ်နှံမှုဝန်ကြီး   အင်ဒရူးရော့ဘ်က  ပြော ပါတယ်။အာဆီယံနဲ့ လွတ်လပ်စွာ ကုန် သွယ်ဖက်နိုင်ငံ တွေ စေ့စပ်ညှိနှိုင်းရရှိထားပြီးဖြစ်တဲ့လွတ်လပ် စွာ ကုန်သွယ်မှုသဘောတူညီချက်တွေအနက်RCEP  ကလည်း တစ်ခုအပါဝင်ဖြစ်ပါ တယ်။ဆွေးနွေးညှိနှိုင်းရာမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် သြစတြေးလျ၊  တရုတ်၊ အိန္ဒိယ၊ ဂျပန် ၊ တောင်ကိုရီးယားနဲ့  နယူးဇီလန်နိုင်ငံတွေလည်း ပါဝင်လျက်ရှိရာ ဒီနိုင်ငံတွေရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု(ဂျီဒီပီ)က ကမ္ဘာ့စုစုပေါင်း ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ပါဝင်လျက်ရှိပါ တယ်။

UNT