လာမည့်နှစ်တွင် တောင်ကိုရီးယားဗဟိုဘဏ်၏ အတိုးနှုန်းကို တစ်ရာခိုင်နှုန်းသို့ လျှော့ချနိုင်

တောင်ကိုရီးယား၏ စီးပွားရေး အခြေအနေသည် ယခုအချိန် အတိုင်း ဆက်လက်ဆိုးရွားနေပါက လက်ရှိဗဟို ဘဏ်အတိုးနှုန်း ၁  ဒသမ ၅ ရာခိုင်နှုန်း မှ လာမည့်နှစ်တွင် ဗဟိုဘဏ် အတိုးနှုန်း တစ်ရာခိုင် နှုန်းသို့ လျှော့ချသွားနိုင်သည်ဟု  Moody' s Investors Service က ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။    MERSရောဂါပြန့်ပွားမှု ကြောင့် အတိုးနှုန်းလျှော့ ချရန်   ဖြစ်နိုင်ချေရှိသော်လည်း   ယခုလတွင် ကိုရီးယားဗဟိုဘဏ်အတိုးနှုန်း    မပြောင်းလဲခဲ့ဘဲ လက်ရှိအခြေအနေ အတိုင်းသာ ဆက်လက်ဆောင်ရွက်နေကြောင်း၎င်းက ဆက်လက် သုံး သပ်ခဲ့သည်။ကိုရီးယားအစိုးရ၏ စီးပွားရေး ပြန်လည်ကောင်း မွန်စေရန် သုံးစွဲသည့် ဘဏ္ဍာငွေ(stimulus package)  ဝမ်  ၂၂ ထရီလီယံသည် ထင်ထင်ရှားရှား အကျိုး မဖြစ်ထွန်း လာပါက ဗဟိုဘဏ် သည် ၎င်းင်း၏ အတိုးနှုန်းကို တစ်ရာခိုင်နှုန်းခန့်   ရောက်သည့်တိုင်လျှော့ချသွားမည် ဖြစ်ကြောင်း ခန့်မှန်းသုံးသပ်ထားခဲ့သည်။Moody's Investors Service ကနိုင်ငံ၏ အိမ်ရာချေးငွေ ပမာဏသည် ဂျီဒီပီ၏ ၇၅ ရာခိုင်နှုန်းခန့် အထိတိုးလာပါက လက်ရှိဗဟိုဘဏ် အတိုးနှုန်းသည် ချေးငွေများအတွက် အတိုးပေးဆပ်ရန် ခက်ခဲ လာနိုင်ကြောင်း ယင်းအချက်သည် နိုင်ငံ၏စီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေမည့် အချက်အလက်ဖြစ်ကြောင်း သတိ ပေးပြောကြားထားပါသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့