ကိုယ်ပိုင်စံနှုန်းများဖြင့်BRICS ဘဏ်ကို တည်ထောင်မည်

နိုင်ငံစုံမှာဆောင်ရွက်နေတဲ့ ဘဏ်များရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာBRICS  ဘဏ်က တစ်မူထူးခြားစွာ ပြောင်းလဲလာမှာဖြစ်ပေမယ့် အချင်းချင်းဆန့်ကျင် ယှဉ်ပြိုင် မှုမျိုးတော့ရှိမှာ  မဟုတ်ကြောင်း ဒေါ်လာဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံဆောင်ရွက်မယ့်  ဖွံ့ဖြိုးရေးဘဏ်သစ် (New Development Bank)   ရဲ့ ပထမဆုံးအကြီးအကဲဖြစ်သူ  ကေဗွီကာမတ်က ဇူလိုင် ၈ ရက်နေ့ ကပြောကြားခဲ့တာကို ကိုးကားပြီး ပီတီအိုင်သတင်းမှာ ဖော်ပြပါတယ်။အိန္ဒိယနဲ့ တခြား   နိုင်ငံ လေးနိုင်ငံတို့ပူးပေါင်းတည်ထောင် ထားတဲ့ ဒီဘဏ်သစ်ရဲ့  ပထမအသုတ်ချေးေ ငွတွေ ကို ယခုဘဏ္ဍာနှစ်မကုန်မီ ထုတ်ချေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကာမတ်က ပြော ပါတယ်။အိန္ဒိယနိုင်ငံ  အပါ အဝင်BRICS  အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်း အတွက် ဒေါ်လာ တစ်ထရီလီယံနဲ့ နှစ်ထရီလီယံကြားရှိမှာဖြစ်တဲ့အတွက် ရန်ပုံငွေလို အပ်ချက်က မြင့်မားနေကြောင်း၊ ဒါကြောင့် ဖွံ့ဖြိုးဆဲကမ္ဘာကို တိုး တက် ကောင်းမွနေ အာင်  ဆောင် ရွက် ရာမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်နဲ့  အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တို့ကို မိတ်ဖက်အဖြစ် သဘောထားရမှာဖြစ်ကြောင်း ကာမတ်ကပြောပါ တယ်။ယခင်နှစ်ကBRICS   အဖွဲ့ဝင်နိုင်ငံတွေချမှတ်ခဲ့တဲ့  သဘောတူညီချက် အရNDB  ဥက္ကဋ္ဌရဲ့သက်တမ်းက ငါးနှစ်ဖြစ်ပါတယ်။ ဘဏ်ရဲ့  ဌာနချုပ်ရုံးကို ရှန်ဟဲမှာ ဖွင့်လှစ်ထားရှိမှာဖြစ်ပြီး ဘဏ်ရဲ့အုပ်ချုပ်ရေးမှူးများအဖွဲ့ အစည်း အဝေး (Board of   Governers Meeting)  ကို ဇူလိုင် ၇ ရက်နေ့က မော်စကို မှာကျင်းပပြီး အတည်ပြုရမယ့် လုပ်ငန်း များ ကို အပြီးသတ်  ဆောင်ရွက်ခဲ့ပါ တယ်။အုပ်ချုပ်ရေးမှူးများ  ဘုတ်အဖွဲ့အစည်းအဝေးကိုBRICSထိပ်သီး အစည်းအဝေးမတိုင်မီကျင်းပခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေး မှာBRICS    အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်ပြီး ဘဏ်အသစ်ရဲ့ ရှေ့ လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ပေးမှာဖြစ်ပါတယ်။NDB  ဘဏ် ကို တခြားနိုင်ငံတကာငွေကြေး အဖွဲ့ အစည်း များ အတွက် အစားထိုးအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အရေး ပေါ်ရန်ပုံငွေဒေါ်လာ ဘီလီယံ ၁၀၀ က   ရေတိုငွေဖြစ်လွယ်မှုအတွက် သုံးစွဲ ဖို့ ရည်ရွယ် ထား ပါတယ်။