အမေရိကန်နိုင်ငံတွင် မေလ စားသုံးသူသုံးစွဲမှု ခြောက်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ် မေလ၌ မော်တော်ယာဉ် နှင့်ကြာ ရှည်သုံးစွဲနိုင်သည့် ကုန်စည်များကို ဝယ်ယူမှုမြင့်မား သဖြင့် စားသုံးသူသုံးစွဲ မှုသည် ခြောက်နှစ်အတွင်း အမြင့်ဆုံး သို့ရောက်ရှိခဲ့ပါသည်။ မေလတွင် စားသုံးသူများ သုံးစွဲမှုသည် သုည ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။မော်တော်ယာဉ်အပါအဝင် တာရှည်ခံကုန်စည်များ အတွက် သုံးစွဲ မှုသည် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါ သည်။ စားသုံးသူများသည် မော်တော် ယာဉ်အပါအဝင် အခြား ကုန်ပစ္စည်းများကို ပိုမိုသုံးစွဲကြခြင်းကြောင့် ဓာတ်ဆီဈေးများ ကျဆင်းခဲ့ရခြင်းဖြစ်သည်။
အေးစန္ဒာလွင်၊စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ဝါရှင်တန်မြို့