မူဆယ်နယ်စပ်မှ နှမ်းဖြူ (အခွံချွတ်) ပိုမိုတင်ပို့
ဇွန်လ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်းတန်ဖိုးရှိ နှမ်းဖြူ(အခွံချွတ်)၁၀၇ တန်ခွဲနဲ့ ကန်ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ နှမ်းလှော် ၃ တန်တင်ပို့ခဲ့ပါတယ်။မကွေးမြို့ရှိ လှော်ဖိုကြီးများမှ နှမ်းလှော်များကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ကြပြီး ထိုမှတစ်ဆင့် တရုတ်နဲ့ ကိုရီးယားဈေးကွက်အထိ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နေကြတာဖြစ်ပါတယ်။
ယခင်ရက်သတ္တပတ်က မူဆယ်မှ နှမ်းဖြူ(အခွံချွတ်) ၃၈ တန် တစ်မျိုးတည်းသာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်တွင် မူဆယ်မှ နှမ်းဖြူ(အခွံချွတ်)တင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။ချင်းရွှေဟော်စခန်းကလည်း ယခင်ရက် သတ္တပတ်က နှမ်း တင်ပို့မှုမရှိခဲ့ဘဲ ယခုတစ်ပတ်တွင် နှမ်းဖြူ ၉၉၁ တန် ၊ နှမ်းနက် ၁၈၁ တန်နဲ့ နှမ်းညို ၈၃ တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၈၆၆ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ဇွန်လအတွင်း စခန်းစုံမှ နှမ်းရောင် စုံ တန်ချိန် ၁၃၆၅ တန်ခွဲထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က နှမ်းဖြူတစ်တန်ကို ၁၇၅၈၅၇၉ ကျပ်၊ နှမ်းနက် တစ်တန်ကို ၂၀၃၅၃၃၂ ကျပ်ရှိရာမှ ယခုတစ်ပတ် တွင် နှမ်းဖြူဈေး ၁၇၉၈၃၉၆ ကျပ်နဲ့ နှမ်းနက်ဈေး ၂၀၈၁၄၁၅ ကျပ်သို့ ဈေးမြင့် တက်လာခဲ့ပါတယ်။
မော်မော်အောင်