စစ်ကိုင်းတိုင်းဒေသကြီးတွင် နွေစပါး ၃၅ ရာခိုင်နှုန်းစိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးတွင် နွေစပါးစိုက်ဧက ငါးသိန်းလျာထားပြီး မေလ ၁ ရက်နေ့ထိ ဧက ၁ ဒသမ ၇၅ သိန်း စိုက်ပျိုးပြီးကြောင်း သိရှိရပါတယ်။ ယခင်နှစ်က ၃ ဒသမ ၆ သိန်းကျော်စိုက်ပျိုးနိုင်ခဲ့လို့ ကာလတူထက် စိုက်ပျိုးဧက ၁ ဒသမ ၉ သိန်း လျော့နည်းစိုက်ပျိုးခဲ့ကြောင်းသိရှိရပါတယ်။
ဆန်စပါးဈေးကွက် အခိုင်အမာရှိနေပြီး လစဉ်အိတ်ရေငါးသိန်းကျော်၊ မန္တလေး၊ ရန်ကုန်၊ ကချင်၊ မကွေးနှင့် ချင်း ပြည်နယ်သို့ စီးဆင်းနေပါတယ်။ တောင်သူများ နွေစပါးကို စိုက်ပျိုးလိုသော်လည်း ယခုနှစ် သဖန်းဆိပ် ရေပေးဝေနိုင်မှုနည်းပါးနိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ နွေစပါးစိုက်ပျိုးနိုင်မှု လျော့နည်းခဲ့ကြောင်း ဝက်လက်မြို့နယ်၊ သားနားကျေးရွာ က နွေစိုက်တောင်သူ ဦးဋ္ဌေးမင်းက ပြောပါတယ်။ ယခုနှစ်တွင် ရေသုံးစွဲမှုနည်းတဲ့ နွေနှမ်းနှင့် နွေပဲတီစိမ်းကို နွေစပါးအစားပိုမိုစိုက်ပျိုးလာကြောင်းသိရှိရပါတယ်။
အောင်မင်း-မုံရွာ