တောင်ကိုရီးယားအင်တာနက်မြန်နှုန်း ကမ္ဘာတွင်အမြင့်ဆုံးဖြစ်

   ကိုရီးယားသမ္မတနိုင်ငံ၏ အင်တာနက်မြန်နှုန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးအဖြစ် ဆက်လက်ရပ်တည်နေသည်။ ၂၀၁၄ ခုနှစ်တွင် broadband internet မြန်နှုန်းသည် တစ်စက္ကန့်လျှင် ၂၅မီဂါဗိုက်နှုန်းရ ရှိခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံများ၏ ပျမ်းမျှမြန်နှုန်းထက် ၅ ဒသမ ၅ ရာခိုင်နှုန်း သာလွန်နေသည်ဟု အင်တာနက်ဈေးကွက် သုတေသနစာရင်းများအရ သိရှိ ရသည်။

  အင်တာနက်မြန်နှုန်းတွင် တောင်ကိုရီးယားပြီးနောက် ဟောင်ကောင်၊ ဂျပန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့သည်လည်း ဒုတိယ၊ တတိယနှင့် စတုတ္ထအမြန်ဆုံးနိုင်ငံများဖြစ်ကြ သည်။ တောင်ကိုရီးယားနိုင်ငံ၏အင်တာနက်ပျံ့န့ှံမှုနှုန်းသည်လည်း ကမ္ဘာတွင်အမြင့်ဆုံးဖြစ်သည်။ ကိုရီးယားတွင်တယ်လီဖုန်းလိုင်းသုံးစွဲသူ၁၀ယောက်တွင် ၉ယောက် သည် အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုကို ရယူထားလျှက်ရှိကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့