မြန်မာနိုင်ငံတွင် လူဇင်ဘတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၅ သန်းကျော်ရှိ

   ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် လူဇင်ဘတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၃၅၀ သန်းခန့်ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် လူဇင်ဘတ်ကုမ္ပဏီများဖြစ်ကြသည့် CAOG S.a.r.l.,Luxembourg သည် စွမ်းအင်လုပ်ငန်းကဏ္ဍ (ဧရာဝတီတိုင်းဒေသကြီးရှိ မြင်သာတွင် ရေနံစမ်း သပ်တူးဖော်ခြင်း) တွင်လည်းကောင်း၊ Abercrombie & Kent သည် ခရီးသွားလုပ်ငန်းကဏ္ဍ (မြစ်တွင်းအပျော်စီးသင်္ဘောပြေးဆွဲခြင်း) တွင်လည်းကောင်း ရင်းနှီးမြှုပ်နှံလုပ် ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော လူဇင်ဘတ်နိုင်ငံမှ ကုမ္ပဏီများမှာ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် Sanctuary Retreats Myanmar Ltd.၊ Carmudi Myanmar Ltd.၊ Daraz Myanmar Co., Ltd. နှင့် စက်မှုလုပ်ငန်းကဏ္ဍတွင် Nestle Alpine Waters Ltd. တို့ဖြစ်သည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့