ဒဗလျူတီအိုနဲ့ မော်ရေးရှပ်တို့ ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူညီချက်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်

   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူ တီအို) က ချမှတ်ထားတဲ့ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူညီချက် (General Agreement of Trade in Services -GATS) နဲ့အညီဆောင်ရွက်မယ့်  ဝန်ဆောင်မှုကုန်သွယ်ရေး သဘောတူညီချက် (Trade in Services Agreement -TISA) စေ့စပ် ညှိနှိုင်းမှုတွေမှာ မော်ရေးရှပ်နိုင်ငံက ပါဝင်ဆောင် ရွက်မှာဖြစ်ကြောင်း allafrica. com ဝက်ဘ်ဆိုက်သတင်းမှာဖော်ပြပါတယ်။

   GATS က ဒဗလျူတီအိုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီသဘောတူညီချက်အရ စေ့စပ်ညှိနှိုင်းမှုတွေကိုအထပ်ထပ်ပြုလုပ်ပြီးဝန်ဆောင်မှုကုန်သွယ်ရေးကို  ဖြေလျှော့မှုတွေပြု လုပ်ရာမှာ ထိထိရောက်ရောက်ပြုလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို နှိုးဆော်ထားပါတယ်။

   သြစတြေးလျ၊ ချီလီ၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်နဲ့  နယူးဇီလန်တို့ အပါအဝင် နိုင်ငံ ၂၄ နိုင်ငံ၊ အကောက်ခွန်နယ်မြေနှစ်ခုနဲ့ စီးပွားရေးသမဂ္ဂ (ဥရောပသမဂ္ဂ) တစ်ခု တို့က ဝန်ဆောင်မှုကုန်သွယ်ရေးသဘောတူညီမှု စေ့စပ်ညှိနှိုင်းမှုတွေမှ တစ်ဆင့်အဖွဲ့ပေါင်းစုံချဉ်းကပ်ဖြေရှင်းတဲ့ ပုံစံနဲ့ဆောင် ရွက်သွားဖို့သဘောတူညီထားပါတယ်။

   TISA တွင်ပါဝင်ခြင်းအားဖြင့်   စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နဲ့အညီ အီးယူကိုအဆိုပြုထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝင်နိုင်ငံတွေကို မော်ရေးရှပ်နိုင်ငံက အလားတူ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ဈေးကွက်ကိုဝင်ရောက်ဖို့ ကမ်းလှမ်းချက်တွေပေးခဲ့ပါတယ်။ GATS ကိုဖန်တီးနိုင်မှုက  ဥရုဂွေးဆွေးနွေးပွဲနဲ့ထင်ရှားတဲ့ အမှတ်အသားတစ်ခုဖြစ်ပြီး   ဒီဆွေးနွေးပွဲကရရှိလာတဲ့ ဆုံးဖြတ်ချက်တွေကို ၁၉၉၅ ခုနှစ် ဇန်နဝါရီကစတင် အကောင်အထည်ဖော်ခဲ့တာဖြစ် ပါတယ်။

ဉာဏ်တင်