ဖိလစ်ပိုင်၌ ဩဂုတ်လကုန်ပိုင်းတွင် ကမ္ဘာ့ရေနံရောင်းချမှု အခက်အခဲများနှင့် ဒေသတွင်း တင်းမာမှုများကြောင့် လောင်စာဆီစျေးနှုန်း မြင့်တက်လာ
အမေရိကန်ပြည်ထောင်စု၌ လောင်စာဆီ ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ရောင်းလိုအား နည်းပါးလာခြင်းတို့ကြောင့် ဖိလစ်ပိုင်ရှိ ရေနံကုမ္ပဏီများသည် လောင်စာဆီ တစ်လီတာလျှင် ၀.၇၀ ပီဆို အထိ စျေးနှုန်းများတိုးမြှင့်ရန် စီစဉ်ထားကြောင်း၊ ဓာတ်ဆီစျေးနှုန်းသည် တစ်လီတာလျှင် ၀.၇၀ ပီဆို၊ ဒီဇယ်ဆီ တစ်လီတာလျှင် ၀.၅၀ ပီဆိုနှင့် မီးခြစ်ဆီ တစ်လီတာလျှင် ၀.၃၀ ပီဆို မြင့်တက်သွားမည်ဖြစ်ကြောင်းနှင့် Shell Pilipinas၊ Clean Fuel၊ Seaoil၊ Petro Gazz နှင့် Caltex ကဲ့သို့သော ရေနံနှင့် စွမ်းအင်ဆိုင်ရာကုမ္ပဏီများသည် ဩဂုတ်လ ၂၅ ရက်နေ့တွင် သီးသန့်ထုတ်ပြန်ချက်များဖြင့် စျေးနှုန်းမြင့်တက်မှုကို ကြေညာခဲ့ကြောင်း သိရှိရပါသည်။
စွမ်းအင်ဝန်ကြီးဌာန၏ ရေနံလုပ်ငန်းစီမံခန့်ခွဲမှုဦးစီးဌာနက လာမည့်လများအတွင်း ဝယ်လိုအား ပိုမိုမြင့်မားလာမည်ဟု မျှော်မှန်းထားသည့်အတွက် လောင်စာဆီစျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ကြောင်း၊ အီရန်နှင့် အစ္စရေးကြားရှိ ရေရှည်တင်းမာမှုများသည် ရေနံစျေးနှုန်းများ မတည်ငြိမ်မှုကို ဖြစ်စေသည့် အကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်းနှင့် ရောင်းချမှုများနှောင့်နှေးခြင်းအား ကမ္ဘာ့စျေးကွက်ကလည်း စိုးရိမ်နေရကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ထို့အပြင် ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရန် အမေရိကန်၏ ကြိုးပမ်းမှုမအောင်မြင်ခြင်းသည်လည်း နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပို၍ဝေဝါးစေပြီး ကမ္ဘာ့ရေနံရောင်းချမှုဆိုင်ရာ မသေချာမရေရာမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ယခုအပတ်အတွင်း ဓာတ်ဆီစျေးနှုန်းမြှင့်တက်မှုသည် ယခုနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ခါနီး စျေးနှုန်းများထက် တစ်လီတာလျှင် စုစုပေါင်း ၁၂.၁၀ ပီဆို မြင့်တက်သွားကာ ဒီဇယ်ဆီသည် တစ်လီတာလျှင် ၁၂.၄၅ ပီဆို မြင့်တက်ခဲ့ပြီး မီးခြစ်ဆီမှာ တစ်လီတာလျှင် ၂.၀၅ ပီဆို မြင့်တက်သွားကြောင်း သိရှိရပါသည်။ ရေနံကုမ္ပဏီများသည် လောင်စာဆီစျေးနှုန်းများကို ကမ္ဘာ့ရေနံစျေးနှုန်း အတက်အကျနှင့်အညီ ပြည်တွင်းငွေစျေးနှုန်း (ဒေါ်လာစျေးနှုန်း) အတက် အကျပေါ်မူတည်ပြီး လောင်စာဆီတစ်လီတာ၏ ကုန်ကျစရိတ်ကိုတွက်ချက်၍ ပြည်တွင်း၌ရောင်းချမည့် စျေးနှုန်းကို ပြန်လည်ချိန်ညှိခြင်းဖြင့် ဓာတ်ဆီ တစ်လီတာလျှင် ၀.၆၀ ပီဆို စျေးနှုန်းမြင့်တက်ခဲ့ပြီး ဒီဇယ်ဆီနှင့် မီးခြစ်ဆီကို တစ်လီတာလျှင် ၀.၈၀ ပီဆို နှင့် ၀.၉၀ ပီဆိုခန့် အသီးသီး လျှော့ချခဲ့ကြကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်အတွင်း လောင်စာဆီစျေးနှုန်းများ၏ စုစုပေါင်း အသားတင်တိုးတက်မှု (Net Change)
၂၀၂၅ ခုနှစ် အစောပိုင်းမှစ၍ ယခုအချိန်ထိ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် မီးခြစ်ဆီစျေးနှုန်းများ ပြောင်းလဲမှု အခြေအနေကို ဖော်ပြပါပုံပါအတိုင်း ကြည့်ရှုနိုင်ပါသည်-
ရင်းမြစ်။ https://www.philstar.com