ရေနံဈေးနှုန်း အတက်အကျများကြောင့် ဆန်ဈေးနှုန်းတိုးမြှင့်ရန် အကြံပြုချက်အား ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ယာယီဆိုင်းငံ့

 

ဖိလစ်ပိုင်နိုင်ငံ၊ စိုက်ပျိုးရေးဦးစီးဌာန (DA) သည် ပြည်ပမှတင်သွင်းသည့် ဆန်များ၏ အမြင့်ဆုံး လက်လီဈေးနှုန်းကို လာမည့်လတွင် လျှော့ချရန် အစီအစဉ်အား အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများကြောင့် ရွှေ့ဆိုင်းလိုက်ပါသည်။ ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က ကမ္ဘာ့စျေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနေမှုကြောင့် ပြည်တွင်ဆန်ဈေးနှုန်း သတ်မှတ်ချက်ကို တစ်လ သို့မဟုတ် နှစ်လခန့် ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း၊ အစ္စရေး - အီရန် ပဋိပက္ခများကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာမှုသည် စိုက်ပျိုးရေးကဏ္ဍအား သက်ရောက်မှုရှိနိုင်ကြောင်း၊ ရေနံစိမ်းကို ဓာတ်မြေသြဇာထုတ်လုပ်ရန် တိုက်ရိုက်အသုံးမပြုသော်လည်း ရေနံစိမ်းသန့်စင်ရာမှ ရရှိလာသော သဘာဝဓာတ်ငွေ့ကို အမိုးနီးယားထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့်အပြင် နိုက်ထရိုဂျင်မြေသြဇာများတွင် အဓိကပါဝင်သည့် ဓာတုပစ္စည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးဌာနကမူ လောင်စာဆီဈေးနှုန်း တိုးမြင့်လာခြင်းသည် သယ်ယူပို့ဆောင်ရေးစရိတ်များ တက်ကာ ဓာတ်မြေသြဇာနှင့် အခြားစိုက်ပျိုးရေးသွင်းအားစုများကို သယ်ယူပို့ဆောင်မှုတွင် ဈေးတက်လာကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးက ဝက်သား သွင်းကုန်အပေါ် အမြင့်ဆုံးဈေးသတ်မှတ်ချက်အား ဩဂုတ်လတွင် ချမှတ်နိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ချက်အား စတင်ရောင်းချမည့်အချိန် နီးကပ်မှသာဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းအတက်အကျ အပြောင်းအလဲများကြောင့် ခန့်မှန်းချက်သည် တစ်နာရီအတွင်းမှာပင် မမှန်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဖိလစ်ပိုင် သတင်းစာ business.inquirer တွင် ဖော်ပြထားပါသည်။

ရင်းမြစ်။        business.inquirer.net