တရုတ်နိုင်ငံသို့ ဆန်၊ ပီလောပီနံအပါအဝင် လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နေသည့် ထိုင်းနိုင်ငံ

 

ထိုင်းနိုင်ငံသည် ဆန်နှင့်ပီလောပီနံကို အဓိကထားပြီး ကျန်လယ်ယာထွက်ကုန်များအား တရုတ်နိုင်ငံသို့ တင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းနေကြောင်း၊ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က ပြောကြားခဲ့သည်။ 

နှစ်နိုင်ငံကြား ခိုင်မာသော ကုန်သွယ်ဆက်ဆံမှုနှင့် ထိုင်းလယ်ယာထွက်ကုန်များကို တရုတ်ဝယ်လိုအား မြင့်တက်လာမှုကြောင့် ထိုင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာနသည် အဓိကပို့ကုန်များအား တရုတ်ဈေးကွက်သို့ ပိုမိုသွက်လက်စွာ တင်ပို့ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မကြာမီက နှစ်နိုင်ငံကြားကုန်သွယ်မှု သဘောတူညီချက် ရေးထိုးခဲ့အပြီး တရုတ်သို့ ပီလောပီနံတင်ပို့မှုသည် မျှော်လင့်သည်ထက် ကျော်လွန်ခဲ့သလို ၂၀၂၅ ခုနှစ်၊ အစောပိုင်းဆန်တင်ပို့မှုလည်း တိုးတက်ခဲ့ကြောင်း ဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ထိုင်းမှ တရုတ်သို့ ဆန်တန်ချိန် ၂၀၂,၈၈၉ တန် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၇.၇% မြင့်တက်လာခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၈.၉ သန်းခန့်ရှိပြီး ပြီးခဲ့သည့်နှစ်ကထက် ၃၁.၃ % မြင့်တက်ခဲ့ပါသည်။

တာဝန်ရှိသူများက ယခုကဲ့သို့ ထိုင်းလယ်ယာထွက်ကုန်တင်ပို့မှု တိုးမြင့်လာခြင်းသည် နှစ်ဖက်ကုန်သွယ်မှုကို ကောင်းမွန်စေပြီး တရုတ်၏ ထိုင်းလယ်ယာထွက်ကုန်အပေါ် ဝယ်လိုအား ဆက်လက်မြင့်တက်နေခြင်းကို ပြသကြောင်း၊ ယခုအရှိန်အဟုန်သည် ၂၀၂၅ ခုနှစ် တစ်လျှောက်လုံး ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရပြီး အာရှ - ပစိဖိတ်ဒေသတွင် ထိုင်းနိုင်ငံသည် အဓိကစားနပ်ရိက္ခာပံ့ပို့းသည့် နိုင်ငံအဖြစ် ၎င်း၏အခန်းကဏ္ဍကို ပြန်လည်ထိန်းသိမ်းနေကြောင်း၊ အစိုးရ၏ မဟာဗျူဟာသည် ကျယ်ပြန့်သောရည်မှန်းချက်နှင့် ကိုက်ညီသည့် စားသောက်ကုန် ကုန်သွယ်မှုမြှင့်တင်ခြင်းမှ ကွဲပြားသော လယ်ယာကဏ္ဍမိတ်ဖက်များနှင့် စီးပွားရေးခံနိုင်ရည်အား မြှင့်တင်ရန်ဖြစ်ကြောင်းသုံးသပ်ထားပါသည်။
ရင်းမြစ်။        https: // tvbrics.com/en/news