ဗီယက်နမ် - တရုတ် မီးရထားလမ်းအတွက် တရုတ်ထံမှ ချေးငွေ ကန်ဒေါ်လာ ၈.၃ ဘီလီယံ ရယူမည့် ဗီယက်နမ်
နှစ်နိုင်ငံဆက်သွယ်မည့် မီးရထားလမ်းသစ် တည်ဆောက်ရာတွင် တစ်စိတ်တစ်ပိုင်း ရန်ပုံငွေအဖြစ် ဒေါ်လာ ၈.၃ ဘီလီယံကို တရုတ်အစိုးရထံမှချေးငွေရယူရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ဗီယက်နမ်၏ ရထားလမ်းဟောင်းများကို အဆင့်မြှင့်တင်ရေး တရုတ်၏ ရန်ပုံငွေနှင့် နည်းပညာရယူရန် ကြိုးပမ်းခဲ့ကြောင်း၊ ဗီယက်နမ်၏ လက်ရှိရထားလမ်းစနစ်သည် ခေတ်နောက်ကျနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စနစ်သစ်တစ်ခု လိုအပ်ကြောင်း၊ လာအိုနယ်စပ်မြို့ လာကိုင်မှ မြို့တော် ဟနွိုင်းကိုဖြတ်လျက် ဗီယက်နမ်နယ်စပ်ရှိ အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သော ဟိုင်ဖုန်းတို့ကို ဆက်သွယ်မည့် ၂၄၃ မိုင်ရှည်သည့် အဆိုပါမီးရထားလမ်းတွင် တစ်နာရီ ၁၆၀ ကီလို (၉၉ မိုင်) မောင်းမည့် ခရီးသည်နှင့် ကုန်တင်ရထားများ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ရထားလမ်းဖောက်လုပ်မှုကို ယခုနှစ်တွင် စတင်ပြီး ၂၀၃၀ တွင် ပြီးစီးမည်ဟု ပို့ဆောင်ရေးဝန်ကြီးက ပြောကြားသည်။
လွှတ်တော်က ရထားလမ်းစီမံကိန်းအတွက် မဲခွဲဆုံးဖြတ်မှုကို လာမည့်သီတင်းပတ်တွင် ဟနွိုင်းမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် အရှည် ၁၅၄၁ ကီလိုမီတာ (၉၅၈ မိုင်)၊ ကုန်ကျစရိတ် ဒေါ်လာ ၆၇ ဘီလီယံ ရှိမည့် ဟနွိုင်း - ဟိုချီမင်း မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၃၅ ၌ စတင်တည်ဆောက်ရန် ဆုံးဖြတ်ချက်ကို နို၀င်ဘာလက အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ https://www.reuters.com