ဆိပ်ဖြူမြို့နယ်၌ ဂျပန်ပဲယင်း(နီ)သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

   

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြ ပြီးမကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြပြီး ရွာသစ်ရပ်ကွက်ရှိ တောင်သူများသည် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ၊ မြေပဲ၊ ပဲမျိုးစုံ သီးနှံများကို အဓိကထား စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ပြည်ပဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ဂျပန်ပဲယင်း(နီ)ကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းရကြောင်း၊ တစ်ဧကလျှင် ဂျပန်ပဲယင်းနီမျိုးစေ့ ၃ ပြည်ခန့်နှင့် မျိုး၊ ထွန်ယက်စိုက်ပျိုးခ၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် စုစုပေါင်း ငွေကျပ် ၃ သိန်းခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ချောက်မြို့ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့်မန္တလေးမြို့သို့ တင်ပို့ကြောင်း သိရသည်။

          ပဲယင်း(နီ)သီးနှံသည် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသည့် သီးနှံဖြစ်ရာ ယခုနှစ် စိုက်ပျိုးရာသီချိန်တွင် ရာသီဥတု ကောင်းမွန်၍ ဂျပန်ပဲယင်း(နီ) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး သီးနှံရိတ်သိမ်းချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိ မည်ဖြစ်ကြောင်း ဂျပန်ပဲယင်း(နီ)စိုက် တောင်သူတစ်ဦးထံမှ သိရသည်။ 

DOCA (မကွေး)