ငါန်းဇွန်မြို့နယ်တွင် ပဲစင်းငုံများ စတင်ရိတ်သိမ်းလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ သရက္ကန်၊ တမာပင်ကြီး၊ စီထိန်း၊ ငါန်းလွှန့်၊ တောင်လယ်တောနှင့် ဂျိုစသည့် ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲစင်းငုံသီးနှံကို အဓိကစိုက်ပျိုးကြကြောင်း၊ ငါန်းဇွန်မြို့နယ်၌ ပဲစင်းငုံ သီးနှံစိုက်ပျိုးရန် ၃၀,၃၀၀ ဧကလျာထားခဲ့ရာ ၃၃,၃၈၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီး ဌာန စာရင်းအရ သိရှိပြီး ပဲစင်းငုံသီးနှံများမှာ ဇန်နဝါရီလ၊ ပထမပတ်မှစတင်၍ ရိတ်သိမ်းလျက်ရှိ ကြောင်း သိရသည်။

          ပဲစင်းငုံသီးနှံကို ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများ တွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ရှိပြီး သီးညှပ် စိုက်ပျိုးမှုကိုသာ စိုက်ပျိုးကြကြောင်း၊ ပဲစင်းငုံအနီမျိုးများကို စိုက်ပျိုးကြပြီး မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ ရိတ်သိမ်းခ၊ လုပ်သားခအပါအဝင်တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃ သိန်းခန့် ကုန်ကျ ကြောင်း၊ တစ်ဧကလျှင် ၅-၇ တင်းခန့်ထွက်ရှိပြီး မြေအနေအထားနှင့် သီးနှံအထွက်နှုန်းအပေါ် မူတည် ၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချ ကြကြောင်း သိရှိရသည်။ 

DOCA (မန္တလေး)