ပေါက်ခေါင်းမြို့နယ်၌ ရုံးပတီသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးနှံကို မိသားစု တစ်နိုင် တစ်ပိုင်အနေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ရုံးပတီသီးနှံကို ရာသီမရွေးစိုက်ပျိုးကာ စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် အသီးများ စတင် ခူးဆွတ်ရကြောင်း၊ ရုံးပတီမျိုးအနေဖြင့် အပင်ငယ်မျိုးကို စိုက်ပျိုးကြပြီး တစ်ပင်နှင့် တစ်ပင် အကွာ အဝေး ၂ ပေ ၃ ပေခြား၍ စိုက်ပျိုးရကြောင်း၊ ရုံးပတီသီးနှံတစ်ဧကလျှင် ရုံးပတီမျိုးစေ့ ၁၀၀ ခန့် စိုက်ပျိုးနိုင်ပြီး မျိုးစေ့၊ သွင်းအားစု၊ အလုပ်သမားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၈ သိန်း ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၀၀၀ ခန့် ထွက်ရှိကြောင်း၊ ရုံးပတီသီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂,၅၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငွေကျပ် ၁၇ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပေါက်ခေါင်းမြို့နှင့် ပြည်မြို့ရှိ ကုန်စိမ်းသီးနှံဒိုင် များသို့ တင်ပို့ရောင်းချ၍ အကျိုးအမြတ်ရလျက်ရှိကြောင်း ရုံးပတီသီးနှံစိုက်တောင်သူများထံမှ သိရသည်။
DOCA (ပဲခူး)