မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၅-၇-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၈၁၅၃၈.၂၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၈၉.၂၈၆)သန်း၊ နယ်စပ်မှ (၂၄၆၅၂.၅၅၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀.၆၈၅)သန်း၊ စုစုပေါင်း (၇၀၆၁၉၀.၈၃၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၉.၉၇၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၅-၇-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
တန်ဖိုး- အမေရိကန်ဒေါ်လာသန်း | |||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၅-၇-၂၀၂၄) ထိ |
||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | |||
၁ | မတ်ပဲ | US$ | ၂၅၈.၇၂၀ | ၀.၀၆၂ | ၂၅၈.၇၈၂ |
တန် | ၂၆၂၇၀၂.၃၈၆ | ၆၆.၀၀၀ | ၂၆၂၇၆၈.၃၈၆ | ||
၂ | ပဲတီစိမ်း | US$ | ၁၄၇.၁၉၁ | ၁.၈၇၁ | ၁၄၉.၀၆၂ |
တန် | ၂၂၄၉၇၆.၅၂၄ | ၂၉၅၁.၇၅၆ | ၂၂၇၉၂၈.၂၈၀ | ||
၃ | ပဲစဉ်းငုံ | US$ | ၁၁၁.၉၉၃ | ၁၁၁.၉၉၃ | |
တန် | ၉၆၈၅၂.၀၀၀ | ၉၆၈၅၂.၀၀၀ | |||
၄ | ကုလားပဲ | US$ | ၂.၄၁၆ | ၂.၄၁၆ | |
တန် | ၂၆၈၅.၈၁၆ | ၂၆၈၅.၈၁၆ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၄.၀၇၇ | ၁၄.၀၇၇ | |
တန် | ၂၀၉၇၄.၂၂၇ | ၂၀၉၇၄.၂၂၇ | |||
၆ | မြေထောက်ပဲ | US$ | ၉.၂၀၂ | ၁.၇၅၃ | ၁၀.၉၅၅ |
တန် | ၈၉၇၀.၁၇၄ | ၁၅၂၇.၀၀၀ | ၁၀၄၉၇.၁၇၄ | ||
၇ | ထောပတ်ပဲ | US$ | ၁၅.၁၉၂ | ၈.၂၁၄ | ၂၃.၄၀၆ |
တန် | ၁၃၄၇၅.၆၉၀ | ၇၄၇၂.၅၀၀ | ၂၀၉၄၈.၁၉၀ | ||
၈ | ပဲယင်း | US$ | ၂၀.၃၃၆ | ၃.၄၅၂ | ၂၃.၇၈၈ |
တန် | ၃၆၈၃၁.၉၂၉ | ၆၀၁၈.၉၉၀ | ၄၂၈၅၀.၉၁၉ | ||
၉ | ပဲကြီး | US$ | ၂.၈၂၆ | ၂.၃၂၈ | ၅.၁၅၄ |
တန် | ၃၀၇၉.၁၁၁ | ၂၅၈၈.၀၀၀ | ၅၆၆၇.၁၁၁ | ||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၄၃၃ | ၁.၄၃၃ | |
တန် | ၂၄၃၄.၃၇၃ | ၂၄၃၄.၃၇၃ | |||
၁၁ | စွန်တာပြာ | US$ | ၀.၂၉၂ | ၀.၀၅၉ | ၀.၃၅၁ |
တန် | ၄၆၈.၃၀၀ | ၉၉.၀၀၀ | ၅၆၇.၃၀၀ | ||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | |||
တန် | |||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၂၈ | ၀.၀၂၈ | |
တန် | ၂၄.၀၀၀ | ၂၄.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၄.၈၉၅ | ၄.၈၉၅ | |
တန် | ၇၃၆၂.၈၇၅ | ၇၃၆၂.၈၇၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | |||
တန် | |||||
၁၆ | ပဲနီကြား | US$ | ၁.၂၂၈ | ၁.၂၂၈ | |
တန် | ၂၀၄၆.၀၀၀ | ၂၀၄၆.၀၀၀ | |||
၁၇ | နိုင်လွန်ပဲ | US$ | ၀.၁၉၂ | ၀.၅၅၇ | ၀.၇၄၉ |
တန် | ၂၉၉.၉၉၃ | ၈၅၆.၀၀၀ | ၁၁၅၅.၉၉၃ | ||
၁၈ | မြေပဲဆံ | US$ | ၀.၄၄၀ | ၀.၉၇၉ | ၁.၄၁၉ |
တန် | ၃၃၁.၆၉၇ | ၇၅၈.၃၀၇ | ၁၀၉၀.၀၀၄ | ||
၁၉ | အခြားပဲ | US$ | ၀.၀၅၃ | ၀.၁၈၂ | ၀.၂၃၅ |
တန် | ၆၉.၁၉၀ | ၂၆၉.၀၀၀ | ၃၃၈.၁၉၀ | ||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၈၉.၂၈၆ | ၂၀.၆၈၅ | ၆၀၉.၉၇၁ | |
တန် | ၆၈၁၅၃၈.၂၈၅ | ၂၄၆၅၂.၅၅၃ | ၇၀၆၁၉၀.၈၃၈ |