ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပီလောပီနံကို စိုက်ပျိုးကြပြီး ဟင်္သာတမြို့နယ်တွင် ၃၇၅၆ ဧက၊ ဇလွန်မြို့နယ်တွင် ၆ ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၅၀၉ ဧက၊ စုစုပေါင်းစိုက်ဧက ၉၂၇၁ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ပီလောပီနံသည် ရေမတင်သဲဆန်သည့် မြေများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး  မြေပုံ၍ စိုက်ပျိုးခြင်းနှင့် ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ ပီလောပီနံကို မေလတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်တွင် စတင်တူးဖော်ရကြောင်း၊ မျိုးအနေဖြင့် ဒေသမျိုး ဆင်တစ်ဆွဲနှင့် ယိုးဒယားမျိုး Rayong-9 မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်ရေ ၂၄၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၉ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှပိဿာချိန် ၃၀၀၀ ခန့်ထွက်ရှိပြီး ပီလောပီနံ ထွက်ရှိချိန်တွင် ပီလောပီနံဥ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀-၆၀၀-၇၀၀၊ ပီလောပီနံ အချောမှုန့် တစ်ပိဿာလျှင် ငွေကျပ် ,၄၀၀-,၇၀၀၊ အမှုန့်ထုတ်ပြီး ပီလောပီနံလုံး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ စသည်ဖြင့် ရောင်းချရကြောင်း၊ တစ်ဧကလျှင် ၉ သိန်းခန့် အမြတ်ရရှိပြီး ဈေးကွက်အနေဖြင့် ဟင်္သာတခရိုင်မှ ထွက်ရှိသော ပီလောပီနံများကို ဒေသတွင်းရောင်းချမှုအပြင် ပီလောပီနံအချောမှုန့်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။  

DOCA (ဧရာဝတီ)