ဈေးကွက်ဝင် နွေနှမ်း(ဂျပန်နှမ်းဖြူ)စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ် ကိုင်လျက်ရှိပြီး ဆိပ်ဖြူမြို့ ရွာသစ်အနောက်ပိုင်းရပ်ကွက်ရှိ တောင်သူများသည် ကိုင်းကျွန်းမြေနှင့် ရိတ်သိမ်းပြီးသည့် ကုလားပဲစိုက်ခင်းများ(ကုလားပဲခင်းကျွတ်)တွင် နွေနှမ်း(ဂျပန်နှမ်းဖြူ)မျိုးကို သီး ထပ်သီးနှံအဖြစ် စိုက်ပျိုးဧကပေါင်း၂၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဂျပန်နှမ်းဖြူကို ရေသွင်းစိုက်ပျိုးရပြီး မတ်လတွင် စတင်စိုက်ပျိုး၍ ဇွန်လဆန်းပိုင်းတွင် ရိတ် သိမ်းရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၅ သိန်းခန့်ကုန်ကျပြီး ပျမ်းမျှ ၁၀ တင်းခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဂျပန်နှမ်းဖြူ တစ်ဧကလျှင် ငွေကျပ် ၈ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများ၊ ချောက်မြို့နှင့် စလင်း မြို့များသို့ ရောင်းချလျက်ရှိကြောင်းနှင့် ပြည်ပမှလည်းဝယ်ယူမှု ပိုမိုများပြားလာသောကြောင့် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
DOCA (မကွေး)