တရုတ်နိုင်ငံ ချုံချင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေး ချိတ်ဆက်မှုလမ်းကြောင်းအသစ်တစ်ခု စတင်
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင်းမြို့မှကွန်တိန်နာ အလုံး ၆၀ တင်ဆောင်ထားသောကုန်စည်ပို့ဆောင်ရေး ရထားအသစ်တစ်စင်းကို မေ၂၃ ရက်က စတင်ပြေးဆွဲခဲ့ပြီး တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို လမ်းကြောင်းအသစ်မှ မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးရန်ဖြစ်သည်။ စက်ပစ္စည်းများ၊ အီလက် ထရွန်နစ် ဆက်စပ်ပစ္စည်းများနှင့် အခြားအရာများပါဝင်သော ကုန်စည်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အနောက်တောင်ဘက်လင်ချန်းမြို့သို့ ဦးစွာရောက်ရှိပြီးယင်းမှတစ်ဆင့် မြန်မာနိုင်ငံမြောက်ဘက် မန္တလေးမြို့သို့ ကုန်းလမ်းဖြင့်ပို့ဆောင်မည်ဖြစ်သည်။ယင်းသည် new Sino-Burme seroute (Chongqing-Lingchang-Myanmar)တရုတ်-မြန်မာလမ်းကြောင်း(ချုံချင်း-လင်ချန်း-မြန်မာ)လမ်းကြောင်းကို ကိုယ်စား ပြုသော အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်းကုန်သွယ်ရေးစင်္ကြံသစ် မူဘောင်New International land Sea Trade Corridor ILSTC Framework မှအောက်ရှိ ကုန်သွယ် ရေးနှင့်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ကြောင်းယင်းကို တရုတ်နိုင်ငံ အနောက်ဘက်ဒေသများနှင့် စင်ကာပူနိုင်ငံတို့မှ ပူးတွဲတည်ဆောက် ခြင်းဖြစ်ကြောင်း သိရှိရသည်။အဆိုပါ ချုံချင်း-မန္တလေးကုန်စည်ပို့ဆောင်ရေးကိုအသုံးပြုခြင်းအားဖြင့်ကုန်စည်ပို့ဆောင်ချိန် ရက်ပေါင်း ၂၀လျှော့ချနိုင်မည်ဖြစ်ပြီး ပို့ ဆောင် နေကျလမ်းကြောင်းနှင့်နှိုင်းယှဉ်ပါကကုန်ကျစရိတ်၂၀ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ကြောင်း ကုန်စည်များ ၁၅ ရက်အတွင်းမန္တလေးသို့ရောက်ရှိရန်မျှော်လင့်ထားကြောင်းနှင့် ယင်းမှတစ်ဆင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဒေါက်တာဝေရီလင်း(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ ပေကျင်း။