“ကုန်သွယ်မှုလုပ်ငန်းများအား အထောက်အပံ့ပြု နေသော အရည်အသွေးအခြေခံအဆောက်အဦစနစ်” &“Post Graduate Diploma Programme on International Trade (အိန္ဒိယနိုင်ငံ)”

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးနေအေးလွင်က “ကုန်သွယ်မှုလုပ်ငန်းများအား အထောက်အပံ့ပြု နေသော အရည်အသွေးအခြေခံအဆောက်အဦ စနစ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး၊ ဦးမျိုးဟိန်းက “Post Graduate Diploma Programme on International Trade (အိန္ဒိယနိုင်ငံ)” ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့ကြရာ ကုန်သယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကျော်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။