စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထာင်စုဝန်ကြီး ဦးထွန်းအုံ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား/သမီး Grade-12 ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား/သမီး Grade 12 ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပေးငွေအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်-၃ ၌ ကျင်းပ ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
အမှာစကားပြောကြားရာတွင် ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ် ဝင်စာမေးပွဲတွင် ဝန်ထမ်းသားသမီးများထဲမှ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး အနေဖြင့် ပြန်လည်ဖြေဆိုရန် အထူးကြိုးစားနေကြောင်း ကြားသိရသဖြင့် အထူးဝမ်းမြောက်မိပါ ကြောင်း၊ ယခင်ဖြေဆိုခဲ့မှုတွင် အားရမှုရှိခဲ့သော ဘာသာရပ်အတွက် အမှတ်ပိုမိုရရှိနိုင်ရေးနှင့် အားနည်းမှုရှိခဲ့သော ဘာသာရပ် ရှိခဲ့ပါကလည်း ယခုရရှိသည့် အခွင့်အရေးကို အပြည့်အဝ အသုံးချ ၍ ကောင်းမွန်စွာ ပြန်လည်ဖြေဆိုသွားစေလိုပါကြောင်း၊ ကျောင်းသားမိဘများအနေဖြင့်လည်း စာမေးပွဲထပ်မံဖြေဆိုမည့် သားသမီးများအား ဖြည့်ဆည်းအားပေးရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးမင်းမင်း၊ ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် Grade 12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။