ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ဆီ၊ဆားစသည့် ကုန်မျိုးစုံများအားသက်သာသောဈေးနှုန်းဖြင့် ဆယ်ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ ဧပြီ ၈ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငါးပိနှင့် ကုန်မျိုးစုံဈေးကားများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်း အိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက်သွား ရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီလ ၈ ရက်နေ့တွင် ဆယ်ရက်မြောက်နေ့ အဖြစ် ဈေးကား၇ စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရ သီရိဆေးရုံဝန်ထမ်း အိမ်ရာများ၊ ခရေအိမ်ရာ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ဆန် ၆ ပြည်ဆံ့ (မနောသုခ-Export Quality) ၇၅၂၅ အိတ်၊ ဆန် ၅ ပြည်ဆံ့ (ဖျာပုံပေါ်ဆန်း)၁၅၇၅ အိတ်၊ ဆီ ၁၅၇၀၀ ပိဿာ၊ ဆား ၅၀ ကျပ်သားပါအိတ် ၁၇၀၀၊ ဆား ၂၅ ကျပ်သားပါအိတ် ၃၁၇၁၊ ငါးပိ ၂၀ ကျပ်သားပါဘူး ၁၀၄၀၊ ကုလားပဲ ၂၀ ကျပ် သားပါအိတ် ၃၈၅၀၊ ခေါက်ဆွဲခြောက်အထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးမည် ဖြစ်သည်။
အလားတူ မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ အထိ ဆန် ၂၄ ပြည်ဆံ့ (မနောသုခ) ၂၈၀ အိတ်၊ စားအုန်းဆီ ၁၉,၈၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် အထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့်ရောင်းချပေး လျက် ရှိရာ ယနေ့အထိ ဆန်၂၄ ပြည်ဆံ့(ရွှေဝါထွန်း) ၂၀၀ အိတ်၊ စားအုန်းဆီ၂,၈၅၀ ပိဿာ၊ ကြက်ဥ ၄,၃၆၀ လုံး၊ ကြက်သွန်နီ ၄၅၀ ပိဿာ၊ အသားတု ၁၅ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချ ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။