မြဝတီနယ်စပ်မှ ပို့ကုန်များ တင်ပို့လျက်ရှိ
နေပြည်တော်၊ ဇွန် ၁
ယခုကာလမှာ မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ပို့ကုန်သွင်းကုန် လိုင်စင်များ ခွင့်ပြုထားရှိရာ ပို့ကုန်အနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပြောင်း၊ ထောပတ်သီး၊ ကွမ်းသီး၊ နနွင်းတက်နှင့် ကြက်သွန်နီများ အများစု တင်ပို့လျက်ရှိကြောင်းနှင့် သွင်းကုန်အနေဖြင့် ထိုင်းဘတ်ငွေ ၆၂၀ သန်း တန်ဖိုးရှိ သွင်းကုန်လိုင်စင်များ ခွင့်ပြုထုတ်ပေးထားရှိပြီး ကုန်ပစ္စည်းအများစုမှာ စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းများ ဖြစ်ကြောင်း သတင်းရရှိသည်။
