အိန္ဒိယနိုင်ငံက ဝါဂွမ်းကို အချိန်စော၍ တင်သွင်းမည်

ပြည်တွင်း၌ ဈေးနှုန်းများ မြင့်တက် နေသည့်အတွက် ဝါဂွမ်းကို အိန္ဒိယနိုင်ငံ က စတင် တင်သွင်းတော့မည်ဖြစ်ကြောင်း    ကွန်မိုဒီတီအွန်လိုင်း သတင်းတွင်  ဖော် ပြသည်။ ပုံမှန်အားဖြင့် ဝါဂွမ်းတင်သွင်း မှုကို ဧပြီနှင့်  မေလရောက် မှသာ စတင် ဆောင်ရွက်လေ့ရှိပြီး ထိုအချိန်ရောက် မှသာ ဈေးနှုန်းများ မြင့်တက်လေ့ရှိသည်။အိန္ဒိယနိုင်ငံသည်  ဒီဇင်ဘာလ အတွင်းက ဝါဂွမ်းဘေထုပ် သုံးသိန်းခန့် တင်သွင်းခဲ့သည်။ ယခုနှစ်တွင် ဆောင် ရွက်ခဲ့သော ငွေစက္ကူအချို့ တရားမဝင် ကြေညာမှုက   အိန္ဒိယနိုင်ငံအတွင်းသို့ ဝါဂွမ်းများ ဝင်ရောက်မှုအပေါ်တွင် ဂယက်ရိုက်ခတ်မှုရှိခဲ့ သဖြင့် ပြည်တွင်း ဈေးကွက်များတွင် ဝါဂွမ်းဈေးနှုန်းများ မြင့်တက်ပြီး တင်သွင်းမှုလည်း ကျဆင်း ခဲ့သည်။ဝါဂွမ်းကို   ဝယ်ယူရာတွင် ငွေ သားဖြင့်   လက်ငင်းမရသည့်အတွက် ဝါတောင်သူတို့က    မိမိတို့ထွက်ကုန် များကို အလုံးအရင်းဖြင့် ရောင်းချလို စိတ်မရှိကြပေ။ ဈေးကွက်အတွင်းသို့ အောက်တိုဘာမှ ဒီဇင်ဘာအထိ ဝါဂွမ်း ဝင်ရောက်မှု မှာ ဘေထုပ် ၇ ဒသမ ၅ သန်းသာရှိခဲ့ရာ ၂၀၁၅ ခုနှစ်က တင် သွင်းခဲ့သော ၁၀  သန်းနှင့် နှိုင်းယှဉ် ပါက တင်သွင်းမှု ကျဆင်းလျက်ရှိ သည် ကို   တွေ့ရကြောင်း   အိန္ဒိယဝါဂွမ်း ကော်ပိုရေးရှင်း(ဃဃှု) မှ ရရှိသော ကိန်း ဂဏန်း အချက်အလက်များအရ သိရ သည်။နေ့စဉ် ဝင်ရောက်လျက်ရှိသော ဝါဂွမ်းပမာဏမှာ  ပုံမှန်အောက် ကျ ဆင်းလျက်ရှိသဖြင့်  ဝါဂွမ်းဈေးနှုန်း များမှာ ကျဆင်းမည့်အလားအလာ မရှိ သေးကြောင်း တွေ့ရသည်။   အနောက် အဖရိက ဝါဂွမ်းမှာ  အိန္ဒိယဝါဂွမ်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းသက်သာသဖြင့် စက်ရုံများက အာဖရိက ပိုမိုတင်သွင်း လေ့ရှိသည်။