ကျေးရွာအားလုံးလျှပ်စစ်မီးလင်းရေးအစီအစဉ်အား ၂၀၁၆ နှစ်ကုန်တွင် အိန္ဒိယအစိုးရ အပြီးသတ်ဆောင်ရွက်မည်

 

အိန္ဒိယအစိုးရသည်ကျေးရွာ အားလုံးလျှပ်စစ်မီးလင်းရေး အစီ အစဉ်အား ၂၀၁၇ ခုနှစ်၊ မေလတွင် အပြီးသတ်ဆောင်ရွက်ရန် ရည်မှန်း ထားခဲ့ရာ ယခုအခါ အဆိုပါ အစီအစဉ် အား သတ်မှတ်ကာလထက် အနည်းဆုံး ငါးလစော၍ အပြီးသတ်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။သို့ဖြစ်၍ ၂၀၁၆ ခုနှစ်၊ ဒီဇင် ဘာလကုန်တွင် အိန္ဒိယနိုင်ငံအတွင်း လျှပ်စစ်မီးမရရှိသေးသည့်   ကျေးရွာ အားလုံး  လျှပ်စစ်မီးများရရှိ လာနိုင် တော့ မည်ဖြစ်ကြောင်း၊ ပြည်နယ်စွမ်း အင်ဝန်ကြီးများနှင့် နှစ်ရက်ကြာ တွေ့ ဆုံဆွေးနွေးပြီးနောက်၊ အိန္ဒိယစွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Piyush  Goyal  က ဇွန် ၂၀ ရက်တွင် အတည်ပြု ပြောကြားခဲ့ကြောင်း သိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ နယူးဒေလီမြို့