တောင်ကိုရီးယားဗဟိုဘဏ်က အတိုးနှုန်းကို ပုံမှန်အတိုင်းထိန်းထား

အစိုးရရဲ့ ဘဏ္ဍာရေးလှုံ့ဆော်အားပေးမှုအစီအစဉ်နဲ့  ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နုတ်ထွက်ဖို့ မဲပေးဆုံးဖြတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်တွေကို စောင့်ကြည့် အကဲဖြတ်ဖို့လိုသေးတဲ့အတွက် တောင်ကိုရီးယား ဗဟိုဘဏ်က ဘဏ်ရဲ့ အခြေခံအတိုးနှုန်းကို  ပုံမှန်အတိုင်း ဆက်လက်ထိန်းထားဖို့ ဇူလိုင် ၁၄ ရက်က ဆုံးဖြတ်ကြောင်း စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ခုနစ်ရက်သက်တမ်းရှိ  ဘွန်းစာချုပ်တွေရဲ့  အတိုးနှုန်းကို  ၁ ဒသမ ၂၅ ရာခိုင်နှုန်းအတိုင်း ဗဟိုဘဏ်က ဆက်လက်ထားရှိပါတယ်။ ဒီနှုန်းက အနိမ့်ဆုံး အဖြစ် စံချိန်တင်ရောက် ရှိနေတဲ့နှုန်းဖြစ်ပြီး   ဒီနှုန်းအတိုင်း ဆက်ထားလိမ့်မယ်လို့ လည်း ဘလွမ်းဘတ်ရဲ့စစ်တမ်းမှာ  စီးပွားရေးပညာရှင် ၂၀ က သဘောထား မှတ်ချက်ပေးထားပါတယ်။
တောင်ကိုရီးယား နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနဲ့ ငွေကြေးဖောင်းပွမှု နှုန်းက ဧပြီမှာ ၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၁ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရှိမယ်လို့ ဗဟိုဘဏ် က ခန့်မှန်းထားပါတယ်။ကြွေးမြီထူပြောနေတဲ့ ကုမ္ပဏီေ တွ ပြန်လည်ဖွဲ့စည်းရခြင်းနဲ့ ကမ္ဘာ့ကုန်သွယ် ရေး နှေးကွေးကျဆင်းမှုတို့ကြောင့် တောင်ကိုရီးယားဗဟိုဘဏ်က ယခုနှစ် ဇွန်လမှာ အတိုးနှုန်းတွေကို ရုတ်တရက် လျှော့ချခဲ့ပါတယ်။ ဘရက်ဇစ်ဂယက်ကြောင့် ကမ္ဘာ့ ကုန်သွယ်မှုကို ကျဆင်းစေပြီး   အာရှစီးပွားရေး အလားအလာကိုပါ  ထိခိုက်လာမှာကို စိုးရိမ်မှု တွေကြောင့် ယခုလအတွင်း မှာ တောင်ကိုရီးယား အစိုးရရဲ့ဘွန်းစာချုပ် အတိုးနှုန်း တွေ ကျဆင်းခဲ့ပါတယ်။