သြရိသပြည်နယ်အတွင်း ဆည်မြောင်းစနစ်များ ခေတ်မီ လာစေ ရန်နှင့် ရေပေးေ၀ စီမံမှုစနစ်များ တိုးတက် ကောင်းမွန်လာစေရန် အာရှဖွံ့ ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ချေး

 အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အိန္ဒိယ အစိုးရတို့သည် သြရိသပြည်နယ် အတွင်း ဆည်မြောင်းစနစ်များ ခေတ်မီ လာစေရန်နှင့်ရေပေးဝေစီမံမှုစနစ်များ  တိုးတက်ကောင်းမွန်လာစေရန်အတွက် ချေးငွေအမေရိကန်ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိသည့် ချေးငွေစာချုပ်တစ်စောင် ကို ဇွန် ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ ချေးငွေသက်တမ်းကာလမှာ နှစ် ၂၀ ဖြစ်ကြောင်း၊ ယခုအကြိမ်သည် ဆည်မြောင်းစိုက်ပျိုးရေးနှင့်ရေပေးေ၀ ရေးပေါင်းစပ်ထားသည့်  အစီအစဉ် အောက်တွင် အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၅ သန်း ခွင့်ပြုထားသည့် ချေးငွေ အောက်မှ ဒုတိယအရစ်ချေးငွေဖြစ် ကြောင်း၊ အဆိုပါငွေကြေးများအား စိုက်ဧကတစ်သိန်းကျော်ကို ဆည်ရေ သောက်စနစ်များ ရရှိ လာစေမည့် ဆည်မြောင်းစီမံကိန်း ခုနစ်ခုကို ခေတ်မီ လာအောင်ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ရေအသုံးပြုသူများအဖွဲ့အစည်းနှင့် ပြည်နယ်အတွင်းရှိ ရေအရင်းအမြစ် ဦးစီးဌာန၏ အဖွဲ့အစည်းစွမ်းရည်များ ခိုင်မာအားကောင်း လာစေရန် အတွက် အသုံးပြုမည်ဖြစ်ကြောင်း၊ အဆိုပါအစီ အစဉ်အတွက် ရွေးချယ်သတ်မှတ်ထား သော ဒေသများမှာBaitarani ? Brahmani? Budhabalanga မြစ်ဝှမ်းများနှင့်Mahanadi  မြစ်ဝကျွန်းပေါ်ဒေသ အစိတ် အပိုင်းများ  ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေနှစ်ရစ်လုံး ဖြင့် သြရိဿ ပြည်နယ် အတွင်း ရေအရင်းအမြစ်ဦးစီးဌာနမှ အကောင်အထည်ဖော်သည့်လုပ်ငန်း များအား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ တွင် ပြီးစီးရန်သတ်မှတ်ထားကြောင်း သိရပါသည်။
       ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး;
 မြန်မာသံရုံး၊ နယူးဒေလီမြို့