သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးရေးကို အာဆီယံဒေသက အလေးထား

သဘာဝအခြေခံခရီးသွားလုပ်ငန်းရဲ့ အကျိုးအမြတ်မြင့်မားမှုကို သိမြင်လာ ကြပြီဖြစ်တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံများက အမျိုးသားစီမံကိန်း မူဝါဒ တွေမှာ ရေရှည်တည်တံ့ပြီး တာဝန်ယူမှုအပြည့်အဝထားတဲ့ ခရီးသွားလုပ်ငန်း ကို ထည့်သွင်းထားခြင်းဖြင့် ဈေးကွက်ဖွံ့ဖြိုးမှုကို ကြိုးပမ်းဆောင်ရွက်လာကြကြောင်း တီတီဂျီအေးရှသတင်းမှာ ဖော်ပြထားပါတယ်။ယခင်ရက်သတ္တပတ်က လာအိုနိုင်ငံပက်ဆဲမြို့မှာ အာဆီယံသဘာ၀ အခြေခံ ခရီးသွားလုပ်ငန်းဖိုရမ်ကို ကျင်းပခဲ့ပြီး ပက်ဆဲကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ ပါတယ်။ ကြေညာချက်အရ သဘာဝအခြေခံခရီးသွားလုပ်ငန်းအစုအဖွဲ့ ဖွဲ့စည်း ရေးနဲ့ ခရီးသွားစြင်္ကံဒေသထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံရေးဆွဲရေးကို လည်း ဦးတည်ချမှတ်ထားပါတယ်။ရေကြောင်းသွားလာရေးခရီးသွားလုပ်ငန်းများမှာ အလားအလာမြင့်မားပြီး လာမယ့်ငါးနှစ်အတွင်းမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းက အင်ဒိုနီးရှားခရီး သွားလုပ်ငန်းရဲ့ ၁၀ ရာခိုင်နှုန်းကို  အထောက်အပံ့ပေးသွားမှာဖြစ်ကြောင်း အင်ဒို နီးရှား ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနဲ့ သဘာ၀ အခြေခံခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူး ဖရန်တဲဂူက အာဆီယံသဘာ၀ အခြေခံခရီးသွားလုပ်ငန်းဖိုရမ်မှာ ပြောပါတယ်။
အင်ဒိုနီးရှားအစိုးရက သဘာဝအခြေခံခရီးသွားလုပ်ငန်းကို အမျိုးသားမဟာ စီမံကိန်းမှာ ထည့်သွင်းရေးဆွဲပြီး တိုဘာရေကန်၊ လာဘွန်ဘာဂျိုနဲ့ မန်ဒါလီကာ ဒေသတွေကို သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အတွက် ဦးစားပေးဒေသ များအဖြစ် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံကလည်း အမျိုးသားသဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံ ကိန်း (၂၀၁၆-၂၀၂၅)ကိုရေးဆွဲပြီး အဆိုပါစီမံကိန်းမှာ အပြည်ပြည်ဆိုင်ရာပေါင်း စည်းရေးလက်နက်အဖြစ် အစုအဖွဲ့ပုံစံမျိုးကိုအသုံးပြုရေးဆွဲသွားမှာဖြစ်ကြောင်း မလေးရှားနိုင်ငံ့ညငလနမျငအင ွှနုညသူသါင ြေူပျေငေ ရဲ့ တီထွင်ဖန်တီးမှုနဲ့ ဖွံ့ဖြိုးရေး စင်တာမှ ညွှန်ကြားရေးမှူးပါမောက္ခအစ်မရန် ဟမ်ဇာက ပြောပါတယ်။
သဘာဝအခြေခံခရီးသွားဒေသတွေ၊ အမျိုးသားပန်းခြံတွေ၊ သမိုင်းဝင်စင်တာ တွေမှာ အပြည်ပြည်ဆိုင်ရာအဆင့်စံနှုန်းတွေမီအောင် ဆောင်ရွက်ရေးက အဓိက အရေးကြီးကြောင်း ထိုင်းခရီးသွားနဲ့အားကစားဝန်ကြီး ကော့ကမ်ဝပ် တာနာ ဗရမ် ကူးလ်က ပြောပါတယ်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနယ်ပယ်မှာ အစိုးရကအထောက်အပံ့ပေးဖို့လိုအပ်နေတဲ့ နယ်ပယ်အများအပြားရှိကြောင်း ဖိုရမ်ကိုတက်ရောက်လာသူတွေက ပြောပါတယ်။