သင်္ဘောတင်ပို့မှု မူဝါဒများ ပြန်လည်ပြင်ဆင်မှုကြောင့် ဟောင်ကောင်နှင့်တရုတ်ကြား ရွှေရောင်းဝယ်ကုန်သွယ်မှု မြင့်တက်နိုင်

ဇွန်၁ရက်မှ  စတင်အကျိုးသက် ရောက်မည့် ပြည်ပ  သင်္ဘောတင်ပို့မှု လုပ်ထုံးလုပ်နည်းများအား  ပိုမိုလွယ်ကူ ရှင်းလင်းစေရန်   စည်းမျဉ်းစည်းကမ်း မူဝါဒများ      ပြောင်းလဲချမှတ်လိုက် မှုကြောင့် တရုတ်ပြည်မ ကြီးသို့ ရွှေ တင် သွင်းမှု   မြင့်တက်လာနိုင်မည်ဖြစ်ပြီး တရုတ်နှင့် ဟောင်ကောင်တို့ ရွှေရောင်း ဝယ်တင်သွင်းမှု  မြင့်တက်လာနိုင်မည် ဖြစ်ကြောင်း   တရုတ်ပြည်သူ့ဘဏ်မှ ပြောကြားခဲ့ပါ သည်။ရွှေနှင့်   ရွှေလက်ဝတ် ရတနာ  တင်သွင်းမှုနှင့် တင်ပို့မှု  မကြာခဏပြု လုပ်သောကုမ္ပဏီများအနေဖြင့် ခေါက် ရေ ၁၂ကြိမ်အထိ  အသုံးပြုနိုင်သော တည်ခုတည်းသော    ခွင့်ပြုမိန့်ရှိရန်  လျှောက်ထားနိုင်ပြီး   ဘေကျင်း ၊ ရှန်ဟဲ၊ ကွမ်ကျိုး၊ နန်ကျင်း၊ ရှန်ဇင်း၊Qianhai    ဆိပ်ကမ်း များတွင်  လျှောက်ထားနိုင် ကြောင်း၊ လက်ရှိတွင် တရုတ်စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်  အပါ အဝင် ရွှေတင်သွင်းခွင့်  ရရှိ ထားသော ကုမ္ပဏီ ၁၅ခုသာရှိသေးပြီး ယင်းကုမ္ပဏီ များမှ တစ်ကြိမ်တင်ပို့တိုင်း  မှတ်ပုံတင် ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ပြန်လည်ပြင်ဆင်သည့်   စည်း ကမ်းမူဝါဒ သည်   တရုတ်ပြည်မကြီးမှ ရွှေတင်သွင်းသူများသာမက  ၎င်းင်းတို့နှင့် ရောင်းဝယ်နေသော  ရွှေရောင်းဝယ်သူ များအတွက်ပါ  အကျိုးကျေးဇူး ရရှိမည် ဖြစ်ကြောင်း  ရွှေကုန်သည်များက ပြော ကြားခဲ့သည်။  တရုတ်ပြည်မကြီးမှာ ကမ္ဘာတွင်  ရွှေထုတ်လုပ်မှုနဲ့  ဝယ်ယူ သုံးစွဲမှု    အများဆုံးနိုင်ငံဖြစ်သည့် အတွက်   ယခုပြင်ဆင်သည့်  မူဝါဒမှာ နယ်စပ်ဖြတ်ေ ကျာ် ကုန်သွယ် မှုအတွက် အရှိန်အဟုန်     မြင့်မားလာမည်ဖြစ် ကြောင်း ရွှေရောင်းဝယ်မှု အကျိုးတော် ဆောင် Gary Cheung မှ ပြောကြားခဲ့ သည်။ရွှေတင်သွင်းမှု မှာ ဟောင်ကောင် သို့ ပြည်ပနိုင်ငံများမှ  တင်သွင်းကြပြီး  ဟောင်ကောင်မှ တစ်ဆင့်  တရုတ်ပြည်မ ကြီးသို့ ပြန်လည်တင်ပို့သည့်အတွက် ကုန်သည်များအနေဖြင့်  မူဝါဒပြောင်းလဲမှုကြောင့် အကျိုးအမြတ်ရရှိ မည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံမှာ ရွှေကုန်သွယ် မှုတိုးမြင့်ရန်  စိတ်အားထက်သန်ကြ ကြောင်းနဲ့ တရုတ်နိုင်ငံမှာ ရွှေသုံးစွဲမှု  အများဆုံးနိုင်ငံဖြစ်ပြီး  ပြည်သူများမှာလည်း ချမ်းသာလာသည်နှင့်အမျှ  ရွှေ လက်ဝတ်ရတနာနဲ့  ရွှေတုံးများဝယ်ယူ ရင်းနှီးမြှုပ်နှံကြကြောင်း၊    ပြည်ပနိုင်ငံ များနှင့်ရွှေရောင်းဝယ်   ကုန်သွယ်မှုပြု လုပ်ခြင်းဖြင့် ယွမ်ငွေကြေးကို ကမ္ဘာသုံး ငွေကြေးဖြစ်လာစေရန်လည်း ကူညီပေး နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဟောင်ကောင်မှာ  နိုင်ငံတကာ ရွှေလုပ်ငန်းများ၏  အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာတစ်ခုဖြစ် ခဲ့သည်။ ဟောင်ကောင်ရွှေအိတ်ချိန်းမှာ တရုတ် စက်မှုနှင့်      ကူးသန်းရောင်းဝယ်ရေး ဘဏ်နှင့် အသင်း ဖွဲ့ထားခဲ့ပြီး  ဟောင် ကောင်ရွှေငွေလက်ဝတ်ရတနာ  ထုတ် လုပ်သူများအတွက်  Qianhai   ကို ဟောင်ကောင် ၏ ရွှေသိုလှောင်ထိန်း သိမ်းရာဌာနအဖြစ်   အသုံးပြုရန်ဖြစ် ကြောင်းသိရှိရပါ သည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး  
မြန်မာသံရုံး၊ ဟောင်ကောင်မြို့