နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက်ဘိလပ်မြေတင်သွင်းမှုအခြေအနေ
စဉ် စခန်းအမည် ယခုသီတင်းပတ် ယခင်သီတင်းပတ် နှိုင်းယှဉ်ချက်
စဉ် စခန်းအမည် ယခုသီတင်းပတ် ယခင်သီတင်းပတ် နှိုင်းယှဉ်ချက်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပို့ကုန်ကန်ဒေါ်လာသုည ဒသမ ဝ၇၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာသုည ဒသမ ဝ၄၀ သန်းဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုတစ်ပတ်မှာတော့ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၃၅ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၁၁၁ တန်ကျော်၊ ကဏန်း ၂၄ တန်နီးပါး၊ ပုစွန် ၄ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ငါးမျိုးစုံ ၁၁ တန်ကျော်နဲ့ ပုစွန်အနည်းငယ်ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကဏန်း ၁၃ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၄၅၂ တန်ကျော်နဲ့ မြေပဲဆံ ၄၇၉ တန်နီးပါးတင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ကြက်သွန်နီတန် ၈၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပြီး မြေပဲဆံ ၅၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကူသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနဟာ စားသုံးသူ အကာအကွယ်ပေးရေး ပညာပေးဟောပြောပွဲများကို အဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုအပတ်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့သို့ သွားရောက်ပြီး စားသုံးသူ အကာအကွယ်ပေးရေး ပညာပေးဟော ပြောပွဲ ကျင်းပခဲ့ပါတယ်။