Mobile Phone တံဆိပ်မျိုးစုံ အလုံး ၁၃၀ ကျော် သိမ်းဆည်းနိုင်

 

ဇန်နဝါရီလ ၂၀ ရက်နေ့ ၂၃း ၃၀ ချိန်ခန့်မှာနောင်ချိုမြို့  Asia World Toll Gate အနီးယာယီ အခြေပြု၍ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး တာဝန် ထမ်းဆောင်နေသော  Mobile Team အဖွဲ့ဟာ ယာဉ်ငယ် BB/xxxx ပေါ်မှ Forme T3 Am 777 နဲ့ KKP အမှတ်တံဆိပ် Mobile Phone ၁၃၃ လုံးခန့်မှန်း တန်ဖိုးကျပ် ၃၉ ဒသမ ၉၀ဝ သိန်းတန်ဖိုးရှိ HandPhone များကို စစ်ဆေးရှာဖွေတွေ့ရှိ ခဲ့သဖြင့် လုပ်ထုံးလုပ်နည်း နဲ့အညီ အကောက်ခွန်အမှုတွဲဖွင့် အရေးယူထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

စီးပွားရေးနှင့်ကူးသန်ရောင်းဝယ်ရေးဝန်ကြီးမှ မူဆယ်(၁၀၅) မိုင်အဝင်အထွက်လမ်းများအား ၄ လမ်း သွားအဖြစ် တိုးချဲ့ဖောက်လုပ်ရန်လမ်းညွှန်

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို ဒီဇင်ဘာလ၂၄ ရက်နေ့က ကုန်သွယ်ရေးဇုန် အစည်းအဝေး ခန်းမမှာပြုလုပ် ခဲ့တယ်လို့ သတင်းရ ရှိပါတယ်။ အစည်းအဝေးသို OSSဌာနများ၊ ကုန်စည်ဒိုင်များ၊ FDA ၊ MITS  မော်တော်ယာဉ် အသင်းများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်က လယ်ယာထွက်ကုန်တင်ပို့မှုပိုမို

 

မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်က ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၆၁၁ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန်များဖြစ်သော ကြက်သွန်နီ ၃၆၈တန်ကျော်၊ မြေပဲဆံ ၄၆၃ တန်ကျော်၊ နနွင်းတက် ၆ တန်ကျော်၊ နှမ်း၂၈ တန်ကျော်၊ သီဟိုစေ့ ၃ တန်ကျော်နဲ့ငရုတ်သီး ခြောက်တန် ၆၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်ကတင်ပို့နိုင်ခြင်း မရှိသောနနွင်းတက်၊ နှမ်းနဲ့သီဟိုစေ့ကို ယခုတစ်ပတ်မှာတင်ပို့မှုရှိလာခဲ့ တာကြောင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သုညဒသမ ၁၁၀ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။