စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူအကာအကွယ်ပေးရေး ပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကူသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနဟာ စားသုံးသူ အကာအကွယ်ပေးရေး ပညာပေးဟောပြောပွဲများကို အဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုအပတ်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့သို့ သွားရောက်ပြီး စားသုံးသူ အကာအကွယ်ပေးရေး ပညာပေးဟော ပြောပွဲ ကျင်းပခဲ့ပါတယ်။

          ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၃၀ရက် နေ့ နံနက် ၁၀းဝ၀ နာရီမှာ စားသုံးသူရေးရာဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းစိုး ဦးဆောင်သော ဝန်ထမ်းများဟာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရွှေပြည်သစ် အစည်းအဝေးခန်းမမှာ စားသုံးသူအကာအကွယ်ပေး ပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးအဖွဲ့အစည်းမှ ဝန်ထမ်းများ စုစုပေါင်း ၁၃၆ ဦး တက်ရောက်ခဲ့ကြပါတယ်။ ဟောပြောပွဲတွင် မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းစိုးက စားသုံးသူရေးရာဌာနအကြောင်း၊ စားသုံးသူဆိုသည့် အဓိပ္ပါယ်နှင့် စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏ ရပိုင်ခွင့်များ၊ အရည်အသွေးမပြည့်ဝသည့် အသုံးအဆောင်ပစ္စည်းများ၏ အန္တရာယ်၊ စားသုံးသူအငြင်း ပွားမှု ဖြေရှင်းရေးအဖွဲ့အကြောင်း၊ စားသုံးသူရေးရာ ဌာနရဲ့ စားသုံးသူများအပေါ် အကာအကွယ်ပေးနေမှုများအကြောင်း တို့ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

          ဆက်လက်ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသန်းထွန်းနှင့်  အကြီးတန်းစာရေး ဒေါ်ကေသီအောင် တို့က စားသုံးသူအကာအကွယ်ပေးရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ များကို အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။

          အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာနဲ့မိခင်နှင့်ကလေးစောက်ရှောက်ရေး အဖွဲ့အစည်းမှဝန်ထမ်းများကို စားသုံးသူအကာအကွယ် ပေးရေးနဲ့ ပတ်သက်တဲ့ ပိုစတာများ၊ လက်ကမ်းစာစောင်များ ပေးဝေခဲ့ပါတယ်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်း အတွင်း ရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာများအထိ ဆက်လက်ကွင်းဆင်းပြီး စားသုံးသူပြည်သူများကို စားသုံးသူ အကာအကွယ် ပေးရေးနဲ့ ပတ်သက်သည့် ဗဟုသုတများကို ပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

         

                                                                                                                                                                                                                                                                                                    ကေသီအောင်(စားသုံးသူရေးရာ)