ခန့်မှန်းတန်ဖိုးကျပ် ၁၇၆၄ သိန်းရှိ ၁၂ ဘီး/ ၁၀ ဘီး ယာဉ်များနဲ့ ကျွဲနွားအရှင် ၈၉ ကောင် မူဆယ် Mobile Teamrှ သိမ်းဆည်းရမိ

 

         မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဇန်နဝါရီ ၂၄ ရက် နံနက် ၆ း ၁၅ ချိန်ခန့်မှာ မော်ထောင်း-နမ့်တောင်ကျေးရွာအနီး ရှောင်ကွင်းလမ်းမှာ စောင့်ဆိုင်းစဉ် ၁၂ ဘီးယာဉ် ၃ စီး၊  ၁၀ ဘီးယာဉ် ၁ စီးတို့နဲ့ နွားအရှင် ၂၅ ကောင်၊ ကျွဲအရှင် ၆၄ ကောင် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်  ၆၇၄ ဒသမ ၅၀ဝ သိန်းအား တားဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကျွဲနွားအရှင် ၈၉ ကောင်ကို အဖွဲ့စုံနဲ့ မူဆယ်မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းအပ်နှံပြီးဖြစ်တယ်လို့ သိရပါတယ်။

ကုန်သွယ်မှု ပိုမိုဆောင်ရွက်တဲ့ မောင်တောစခန်း

 

        မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောစခန်းမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းမှာ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၅၈၉ သန်း၊သွင်းကုန် ကန်ဒေါ်လာသုညဒသမဝ၁၁ သန်း၊  ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၆၀ဝ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

နယ်စပ်စခန်းများမှ ဇန်နဝါရီလအတွင်းဆန်တင်ပို့မှုလျော့ကျပြီး ဆန်ကွဲတင်ပို့မှုပိုမို

 

             မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်စခန်းများမှ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၁၁၆ တန် တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဒသမ ၆၈၇ သန်းဖိုးဖြစ်ပြီး စခန်းအလိုက်တင်ပို့နိုင်မှုများမှာ မူဆယ် ၁၀၅ မိုင်မှ ငစိန်ဆန် ၁၅၀၄၀ တန်၊ ဧည့်မထဆန် ၈၅၃၅ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၅၄၁ တန်နဲ့ လွယ်ဂျယ်စခန်းမှ တန် ၁၀ဝ၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၄၀ဝ၀ ကျော် လျော့နည်း ခဲ့ပါတယ်။ယခုတစ်ပတ်မှာ မောင်တောစခန်းမှ ဆန်တင်ပို့မှုမရှိခဲ့ပါဘူး။

မောတောင်နယ်စပ်စခန်းမှ ပင်လယ်ခရု တန် ၁၀ဝ၀ တင်ပို့နိုင်

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းက  ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၂၉၂  တန်ဖိုးရှိ ပင်လယ်ခရု တန် ၁၀ဝ၀ တင်ပို့နိုင်ခဲ့တဲ့အပြင်ကန်ဒေါ်လာ ၂၂၉၅ တန်ဖိုးရှိ ရေငန်ငါး တန်၂၁၀ဝ တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ပင်လယ်ခရု တန် ၁၀ဝ၀ နှင့် ရေငန်ငါး တန် ၁၀ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။