ခန့်မှန်းတန်ဖိုးကျပ် ၁၇၆၄ သိန်းရှိ ၁၂ ဘီး/ ၁၀ ဘီး ယာဉ်များနဲ့ ကျွဲနွားအရှင် ၈၉ ကောင် မူဆယ် Mobile Teamrှ သိမ်းဆည်းရမိ

 

         မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဇန်နဝါရီ ၂၄ ရက် နံနက် ၆ း ၁၅ ချိန်ခန့်မှာ မော်ထောင်း-နမ့်တောင်ကျေးရွာအနီး ရှောင်ကွင်းလမ်းမှာ စောင့်ဆိုင်းစဉ် ၁၂ ဘီးယာဉ် ၃ စီး၊  ၁၀ ဘီးယာဉ် ၁ စီးတို့နဲ့ နွားအရှင် ၂၅ ကောင်၊ ကျွဲအရှင် ၆၄ ကောင် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်  ၆၇၄ ဒသမ ၅၀ဝ သိန်းအား တားဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကျွဲနွားအရှင် ၈၉ ကောင်ကို အဖွဲ့စုံနဲ့ မူဆယ်မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းအပ်နှံပြီးဖြစ်တယ်လို့ သိရပါတယ်။

ကုန်သွယ်မှု ပိုမိုဆောင်ရွက်တဲ့ မောင်တောစခန်း

 

        မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောစခန်းမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းမှာ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၅၈၉ သန်း၊သွင်းကုန် ကန်ဒေါ်လာသုညဒသမဝ၁၁ သန်း၊  ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၆၀ဝ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

နယ်စပ်စခန်းများမှ ဇန်နဝါရီလအတွင်းဆန်တင်ပို့မှုလျော့ကျပြီး ဆန်ကွဲတင်ပို့မှုပိုမို

 

             မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်စခန်းများမှ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၁၁၆ တန် တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဒသမ ၆၈၇ သန်းဖိုးဖြစ်ပြီး စခန်းအလိုက်တင်ပို့နိုင်မှုများမှာ မူဆယ် ၁၀၅ မိုင်မှ ငစိန်ဆန် ၁၅၀၄၀ တန်၊ ဧည့်မထဆန် ၈၅၃၅ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၅၄၁ တန်နဲ့ လွယ်ဂျယ်စခန်းမှ တန် ၁၀ဝ၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၄၀ဝ၀ ကျော် လျော့နည်း ခဲ့ပါတယ်။ယခုတစ်ပတ်မှာ မောင်တောစခန်းမှ ဆန်တင်ပို့မှုမရှိခဲ့ပါဘူး။