အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်မှုများနှောင့်နှေးနေ

 

          တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ဇန်နဝါရီလမှာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၂၇၈ သန်း          ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန် ကန်ဒေါ်လာ ၂ ဒသမ ဝ၈၅ သန်းနဲ့ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၁၃၉ သန်းပါရှိ ပါတယ်။အနီးစပ်ဆုံးကာလနဲ့ ကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သုည ဒသမ ၉၆၁ သန်းလျော့နည်း ခဲ့ပါတယ်။ ကုန်သွယ်မှုပမာဏ လျော့နည်းကျဆင်းရခြင်းနဲ့ စပ်လျဉ်းပြီး ကလေး-တမူး-ကလေးဝ နယ်စပ်ကုန်သည် ကြီးများအသင်းဥက္ကဌ ဦးလှမောင်က တမူးနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ပို့ကုန်အသာစီးလုပ်ကိုင်နေတဲ့ စခန်း တစ်ခုဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ကိုင်နေကြောင်း၊ ဝယ်လိုအားနဲ့ ရောင်းလိုအားမှာ တစ်ဖက်နိုင်ငံမှ ဝယ်လိုအားမရှိပါက ကုန်သွယ်မှုပမာဏမတက်နိုင်ကြောင်း၊ လက်ရှိအချိန်မှာ တရားမဝင်ပေါက်ဈေးအား တစ်ဖက်နိုင်ငံအကောက်ခွန်မှ ပိတ်ဆို့စစ်ဆေးနေမှုများကြောင့် ကွမ်းသီးပို့ကုန်အား ဂိတ် (၁) မှသာတင်ပို့နေရပါကြောင်း၊ တစ်ဖက်နိုင်ငံကုန်သည်အနေနဲ့ ကုန်ပစ္စည်းများအား ကုန်ကျစရိတ် သက်သာစေရန်လည်းကောင်း၊ Trade Balance သဘောအရသွင်းကုန်ပမာဏများရန်လည်းကောင်း စတဲ့ကိစ္စရပ်များကြောင့် ဂိတ် (၁) မှ မတင်သွင်းချင်ကြကြောင်း၊ ထို့အတွက် ကွမ်းသီးတင်ပို့မှုအနည်းငယ် ကျဆင်းသွားရကြောင်း၊ တစ်ဖက်အကောက်ခွန်ဌာနနဲ့ မိုရေးကုန်သည်များ ညှိနှိုင်း၍ အဆင်ပြေသွားပါက ကွမ်းသီးပို့ကုန်ပြန်တက်လာမယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့က တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ကုန်သွယ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ 

          ဦးလှမောင်ကဘဲ ဆက်လက်ပြီး တစ်ဖက်နိုင်ငံက တစ်ဖက်သတ်ပေးအပ်ထားတဲ့ အကောက်ခွန် သက်သာ DFTP အစီအစဉ်အရ Country Origin (CO) Form လျှောက်ထားခြင်းနဲ့ ပတ်သက်ပြီး တစ်ဖက်နိုင်ငံကုန်သည်များလုပ်မပေးက ဘာမှလုပ်၍မရနိုင်ကြောင်း၊ မိမိကုန်သည်များဟာ တစ်ဖက်နိုင်ငံ ကုန်သည်များထံ အြွေကးရောင်းနေရကြောင်း၊ ယခုထိအချို့ေြွကးမကျေနိုင်သေးကြောင်း၊ ရူပီးသိန်း ၁၀ဝ ခန့်ထိ အြွေကွးပေးထားပြီး ကုန်သွယ်မှုဖြစ်အောင်လုပ်နေရကြောင်း၊ တစ်ဖက်နိုင်ငံအကောက်ခွန်ဌာနမှ မိမိတို့ဘက်က ပို့တဲ့အရေအတွက်စာရင်းအားလုံးမဝင်ကြောင်း၊ ပို့ထားတဲ့ အရေအတွက်များသာလျှင် Trade Balance ဖြစ်အောင် လုပ်လာနိုင်ကြောင်း၊ ယခုလည်းတစ်ဖက်အကောက်ခွန်ဌာနစိစစ်နေမှုကြောင့် ကုန်သွယ်မှုလျော့နည်း နေရကြောင်း အကျယ်တဝင့်ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။

          အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေများကြောင့် နှစ်နိုင်ငံကုန်သွယ်မှုအတွက် တရားဝင်နယ်စပ်ဂိတ်ဖြစ်တဲ့ ဂိတ်အမှတ် (၁) ခုကိုသာ အသုံးပြုရန် ဖွင့်ပေးထားတဲ့အတွက် တမူးမြို့ရှိ ကုန်သိုလှောင်ရုံများမှာ ကုန်ပစ္စည်းများ ပြည့်လျှံလျက်ရှိနေကြောင်း တမူးနယ်စပ်ကုန်သည်တစ်ဦးထံက သိရပါတယ်။တမူးနယ်စပ်ရဲ့ အဓိကပို့ကုန်မှာ ကွမ်းသီးဖြစ်ပြီး သွင်းကုန်ပိုင်းမှာ စားတော်ပဲနဲ့ မော်တော်ဆိုင်ကယ်များတင်သွင်းလျက်ရှိပါတယ်။ လူသုံးအိမ်သုံးကုန်စည်များကိုတော့ မိမိဖက်နမ့်ဖာလုံဈေးမှာသာ လာရောက်ဝယ်ယူမှုရှိတာဖြစ်ပါတယ်။

                                                                                                                                                       MIRT (DCCA)