စုပုံထားတဲ့ စပါးအရက်နဲ့ စီးကရက်များကို အမှုတွဲဖွင့်လှစ်သိမ်းဆည်း

 

  တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း ထုတ်နုတ်အင်အားဖြင့်Mobile Team ဝှေ့ရဲစစ်ဆေးရေး ဂိတ်မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တာချီလိတ်မိုင်းဆက်လမ်းကြောင်းပေါ်ရှိ စစ်မှုထမ်းဟောင်းကားရေဆေးခုံအနီးတွင် မိုင်းဆတ်သို့ သယ်ယူရန်စုပုံထားတဲ့ တရုတ်နိုင်ငံထုတ်စပါးအရက်နှင့် Blue River စီးကရက်များကို စစ်ဆေး တွေ့ရှိသဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

 

ကျပ်သိန်း ၃၀ ကျော်တန်ဖိုးရှိ Chang Beer ကျပ် ၃၁ သိန်းကျော်ဖိုးသိမ်းဆည်းရမိ

 

          ညောင်ခါးရှည်-ဘုရားပျို-ဝေါ ရှောင်ကွင်းလမ်းနဘေး စုပုံထားရှိတဲ့ ကျပ်  ၃၁ ဒသမ ၅၀၀ သိန်းတန်ဖိုး ရှိ တရားမဝင်ကန့်သတ်ကုန် Chang Beer ၂၁၀ တာ ( ၁ ထ ၂၄ ထ ၅၀၀ မီလီလီတာ)ကို Mobile Team  အဖွဲ့ (၂) က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ Mobile Team  အဖွဲ့ (၂)အား ရှောင်ကွင်း၍ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သယ်ဆောင်စုပုံ ထားရှိကြောင်း သတင်းအရ စေလွှတ် ရှာဖွေရာမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အကောက်ခွန် လုပ်ထုံးလုပ်နည်း နဲ့အညီ အမှုတွဲ ဖွင့်လှစ်ဆောင်ရွက် သွားမယ်လို့ သတင်းရရှိပါတယ်။