အိန္ဒိယနိုင်ငံနဲ့ ထိစပ်လျက်ရှိတဲ့ မြန်မာနယ်စပ်တွင်ဆေးဝါးဒဏ်ခံနိုင်စွမ်းရှိသော ငှက်ဖျားပိုးတွေ့ရှိ

 

          ငှက်ဖျားရောဂါဆိုင်ရာဆေး Artemisinin ကိုလုံးဝခံနိုင်စွမ်းရှိသော ငှက်ဖျားပိုးတစ်မျိုးကို အိန္ဒိယ နိုင်ငံနဲ့ ၁၅ မိုင် (၂၅ ကီလိုမီတာ) အကွာ မြန်မာနယ်စပ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမှာ ပျံ့နှံနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ တစ်ချိန်ကလည်း ဆေးဝါးများဟာ ငှက်ဖျားပိုးအတွက် အသုံးမဝင်တော့ဘဲ အဖြစ်မျိုးရှိခဲ့ဘူးကြောင့် သိပ္ပံပညာရှင်များက ပြောကြားပါတယ်။  Artemisinin   ကို ခံနိုင်ရည်ရှိတဲ့ ငှက်ဖျားပိုးဟာ အိန္ဒိယနိုင်ငံတွင်းသို့ ရောက်ရှိသွားမယ်ဆိုခဲ့လျှင်  ငှက်ဖျားပိုးဆောင်ထားတဲ့ခြင်ကို သတ်နိုင်မဲ့ ကမ္ဘာလုံးဆိုင်ရာအမြစ်ဖြတ် သုတ်သင်နိုင်ရေးအတွက် အဖြေထုတ်ရန်လည်း  စဉ်းစားနေကြတယ်လို့ သိရပါတယ်။ အကယ်၍ ငှက်ဖျားဆေးကို ခံနိုင်ရည်ရှိတဲ့ ခြင်မျိုးများ အာရှမှ အာဖရိကသို့ ပျံ့သွားမယ် သို့မဟုတ် အာဖရိကမှာ ဘဲ သီးခြားပေါက်ဖွားမယ်ဆိုလျှင်  အသက်သန်းပေါင်းများစွာနဲ့ ချီပြီးသေဆုံးစေနိုင်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Artemisinin  ငှက်ဖျားဆေးကို ခံနိုင်ရည်ရှိမှုနဲ့ ကျန်ကမ္ဘာ့နိုင်ငံများကို ပျံ့နှံရန်အတွက် ထွက်ပေါက် တစ်ခုအဖြစ် မြန်မာနိုင်ငံကို ထည့်သွင်း စဉ်းစားသင့်တယ်လို့  Mahidol -Oxford tropical Medicine Reseanch Unit  မှ  Charles Woodrow က ပြောကြားလိုက်ပါတယ်။ Woodrow ဟာ သုတေသန အဖွဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ The Lancer Infectious Diseases Journal မှာ သုတေသန ပြုလေ့လာချက်ကို ဖော်ပြထားရာမှာ Woodrow နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံ နဲ့ အိန္ဒိယနယ်စပ်ဒေသရှိ ငှက်ဖျား ရောဂါကုသမှု ၅၅ ခုမှ  ကပ်ပါးပိုး ၉၄၀ မျိုးကို စုဆောင်းရယူတဲ့အခါ နမူနာရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ Kelch Gene K 13 လို့ခေါ်တဲ့ Artemisinin  ကို ခံနိုင်ရည်ရှိတဲ့ ကပ်ပါးများဖြစ်နေတာကို တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာဘဲ ှ Sub-Saharan Afsica  ရဲ့  လူနေမှုအဆင့်နိမ့်ကျတဲ့ဒေသမှာ လူတွေကို ဖျားနာမှုနဲ့  သေဆုံးဖြစ်ပွားခြင်းကို သိသိသာသာလျှော့ချနိုင်ပြီဖြစ်ပါတယ်။ အဲဒီဒေသဟာ ယခင်က နှစ်စဉ်လူ ၆ သိန်း ဝန်းကျင် အထူးသဖြင့် ကလေးငယ်များမှာ သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်များနဲ့ ၁၉၇၀ ခုနှစ်နှစ်များမှာ Chlorquine လို့ခေါ်တဲ့ ငှက်ဖျားဆေးကို ခံနိုင်ရည်ရှိတဲ့ ငှက်ဖျားပိုးများ ဗျငေ မှ ဗ်မငခေ ထိ ပျံ့နှံခဲ့ပြီး ငှက်ဖျားပိုးများ ပြန်လည်ရှင်သန်လာကာလူများကို သန်းနဲ့ချီပြီး သေဆုံးစေခဲ့ပါတယ်။ Chlorquine  နေရာမှာ Sulphadoxine Pyrimethamine (SP) ကို အစားထိုးခဲ့ပြီး နောက်ပိုင်းမှာ လည်း ှ SP  ကိုခံနိုင်ရည်ရှိတဲ့ ငှက်ဖျားပိုးမှာ ကမ္ဘောဒီယားနိုင်ငံ အနောက်ပိုင်းကတစ်ဆင့် Africa  သို့ ပျံ့နှံခဲ့ပြန်ပါတယ်။ အဲဒီအခါ SP နေရာမှာ Artemisinin  Combination Treatment (ACT) ကို အစားထိုးခဲ့ရပြန်ပါတယ်။ ယခုအခါကျွမ်းကျင်သူများက ငှက်ဖျားဆေးအတိတ်သမိုင်းကြောင်းများအတိုင်း ပြောင်းလဲရန် အချိန် တစ်ဖန်ရောက်ရှိလာပြန်ပြီလားလို့ စိုးရိမ်နေကြတယ်။ သတိပေးနိုးဆော်နေပြီလို့ World -wide Anti Malasial Resistance Network မှ ဒါရိုက်တာ Philippe Guerin က ပြောပါတယ်။  Woodrow ကလည်း ခေတ်မီသိပ္ပံနည်းပညာရပ်များ၊ မျိုးရိုးဆိုင်ရာ သုတေသီ များက Artemisinin ကို ခံနိုင်ရည်ရှိတဲ့ မျိုးသစ်များပေါက်ဖွားနေမှု ကို ဖော်ထုတ်နိုင်ခြင်း အတွက် ကျေးဇူးတင် ရှိကြောင်း နဲ့ ငှက်ဖျားပိုး ကို တိုက်ခိုက်နိုင်မဲ့ ဒြပ်ပေါင်းများပါဝင်တဲ့ ဆေးများကို Artemisinin ကိုခံနိုင်ရည်ရှိတဲ့ ငှက်ဖျားပိုးများ ကမ္ဘာတစ်ဝှမ်း မပျံ့နှံမီ မှာ ဖော်ထုတ်ပေးမဲ့သူများကို ကျေးဇူးတင်ရှိကြောင်း အစီရင်ခံစာမှာ ရေးသားဖော်ပြ ထားပါတယ်။ လက်ရှိအခြေအနေကို များများသဘောပေါက်လေ အခြေအနေနဲ့ လိုက်လျော ညီတွေမဲ့ ငှက်ဖျားပိုးများကိုတိုက် ခိုင်နိုင်မဲ့ ဆေးဝါးများဆန်းသစ်တီထွင်နိုင်လေဖြစ်တယ်လို Woodrow ပြောကြားလိုက် ပါတယ်။

 

                                                                                ရှင်ပါဂူ