မြိတ်နယ်စပ်မှ ကဏန်းမျိုးစုံတင်ပို့

 

          မြန်မာ-ထိုင်းနယ်စပ်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာကာလ အတွင်း ကန်ဒေါ်လာ သုည ဒသမ၂၃၈ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံဖြစ်သော ကဏန်းသေး(အသေ)၂ တန် ကျော် ၊ သဲဂဏန်း ၁၀ တန်နီးပါး၊ ကဏန်းနီ ၁၈ တန်၊ ကဏန်းပျော့ ၃၂ တန် ကျော် တင်ပို့ နိုင်ခဲ့တဲ့ အပြင်ငါးမျိုးစုံ ၁၅၄၈ တန်ကျော်၊ ရေငန်ပုစွန် ၂၁ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်၊ ငါးမှုန့် တန် ၁၂၀ ၊ ပုစွန်ခြောက် ၃ တန် ၊ ပုစွန် ၅၅ တန်ကျော်နဲ့ ငါးခြောက် ၁၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။

 

မြဝတီကုန်သွယ်ရေးဇုန်မှ အဓိကပို့ကုန်ဖြစ်သော လယ်ယာထွက်ကုန် ပိုမိုတင်ပို့

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၇ ရက်မှ  ၁၃ ရက်တာကာလတွင်း  ကန်ဒေါ်လာ ၁ ဒသမ ၂၉၂ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန်များဖြစ်သော ကြက်သွန်နီ တန် ၄၈၀ ကျော်၊ မြေပဲဆံ ၈၇၇ တန်ကျော်၊ ပြောင်းဖူးစေ့ တန် ၁၀ဝဝ၊ နနွင်းတက် ၃၁ တန်ကျော်၊ မတ်ပဲ ၁၀၃ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁၁၄၀ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။