ထိုင်းနိုင်ငံထုတ် ပြောင်းမျိုးစေ့အိတ်များကို တာချီလိတ် Mobile Team မှ သိမ်းဆည်းရမိ

 

 တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းထုတ်နုတ်အင်အား Mobile Team မှ ဒုတိယညွှန်ကြားရေးမှူး ခေါင်းဆောင်တဲ့အဖွဲ့သည် ဖေဖော်ဝါရီလ ၉ ရက် ၂၂းဝ၀ ချိန်တွင် မယ်ယန်းယာဉ်စစ်ကွင်းနှင့် တိုးဂိတ် ကြားတွင် မသင်္ကာဖွယ်ရာ ရပ်နားထားသော တာချီလိတ်-မိုင်းကိုး လိုင်းကားယာဉ်တစ်စီးကို တွေ့ရှိ၍ စစ်ဆေးရာယာဉ်ပေါ်တွင် အကောက်ခွန်မဲ့တင်ဆောင်လာသော ထိုင်းနိုင်ငံထုတ် ပြောင်းဖူးစေ့(၂၈၈) တံဆိပ်အိတ်များကို စစ်ဆေးတွေ့ရှိသဖြင့် သိမ်းဆည်းပြီး အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ခဲ့ပါတယ်။အလားတူ ယင်းနေ့ ၂၂း၂၅ ချိန်တွင် မယ်ယန်းကျေးရွာလမ်းမပေါ်၌ တာချီလိတ်-မိုင်းကိုး လိုင်းကားယာဉ်ပေါ်မှာပဲ အကောက်ခွန်မဲ့တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံထုတ်ပြောင်းဖူးစေ့(888,233,222အမျိုးအစားတံဆိပ်) များအား စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန် အမှုတွဲ ဖွင့်လှစ် ပြီးဖြစ်ပါတယ်။အဆိုပါယာဉ်(၂)စီးပေါ်မှ တွေ့ရှိတဲ့ ပြောင်းမျိုးစေ့အိတ်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၀ဝဒသမ ၈၁၂ ခန့်ဖြစ်ပြီး ပြောင်းမျိုးစေ့ အိတ်များကို ကျိုင်းတုံမြို့နယ်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့သိရပါတယ်။

 

                                                                        DCCA  DCCA