ကျပ်သိန်း ၃၀ ကျော်တန်ဖိုးရှိ Chang Beer ကျပ် ၃၁ သိန်းကျော်ဖိုးသိမ်းဆည်းရမိ

 

          ညောင်ခါးရှည်-ဘုရားပျို-ဝေါ ရှောင်ကွင်းလမ်းနဘေး စုပုံထားရှိတဲ့ ကျပ်  ၃၁ ဒသမ ၅၀၀ သိန်းတန်ဖိုး ရှိ တရားမဝင်ကန့်သတ်ကုန် Chang Beer ၂၁၀ တာ ( ၁ ထ ၂၄ ထ ၅၀၀ မီလီလီတာ)ကို Mobile Team  အဖွဲ့ (၂) က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ Mobile Team  အဖွဲ့ (၂)အား ရှောင်ကွင်း၍ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သယ်ဆောင်စုပုံ ထားရှိကြောင်း သတင်းအရ စေလွှတ် ရှာဖွေရာမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အကောက်ခွန် လုပ်ထုံးလုပ်နည်း နဲ့အညီ အမှုတွဲ ဖွင့်လှစ်ဆောင်ရွက် သွားမယ်လို့ သတင်းရရှိပါတယ်။

ID ထက်ပိုမိုတင်ဆောင်လာတဲ့ Dog Food

 

          မြဝတီမှ ရန်ကုန်သို့ ထွက်ခွာလာတဲ့သွင်းကုန်ဂျူတီယာဉ် ၁၂ ဘီးအမျိုးအစားသည့် စစ်တောင်း တံတားဟောင်းနဲ့ အသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ အခြေပြု၍ စစ်ဆေးရေးဆောင်ရွက်နေသော Mobile Team  အဖွဲ့ (၂) ထံဝင်ရောက်စစ်ဆေးခံခဲ့ရာမှာ ID မှာ ကြေညာသည်ထက် ပိုမိုတင်ဆောင်လာသော Dog Food ၁၅ အိတ် (၃၁၀ ကီလိုဂရမ်) အားစစ်ဆေးတွေ့ရှိတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲဖွင့် ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း သီဟိုစေ့ ၂၁ တန်ကျော်တင်ပို့

 

          မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၆၀သန်းတန်ဖိုးရှိ သီဟိုစေ့ ၂၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ဝ၂၅ သန်း ၊ တန်ချိန် ၃၀ဝ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၃၅ သန်း၊ တန်ချိန် ၁၇ တန် ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

 

ကော့သောင်းနဲ့မြိတ်နယ်စပ်မှ ရေဘဝဲနဲ့ငါးမှုန့်များတင်ပို့

 

          မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနဲ့ မြိတ်နယ်စပ်စခန်းမှ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၃ ရက်တာ ကာလအတွင်းကန်ဒေါ်လာ သုည ဒသမ ၇၅၂ သန်းတန်ဖိုးရှိ ရေဘဝဲနဲ့ ငါးမှုန့် ၉၅၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်း နယ်စပ်စခန်းမှ ကန်ဒေါ်လာ သုညဒသမဝ၀၇ သန်းတန်ဖိုးရှိ ရေဘဝဲ   ၄ တန် ကျော်တင်ပို့နိုင်ခဲ့ပြီး မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ သုညဒသမ ၇၄၅ သန်းတန်ဖိုးရှိ ငါးမှုန့်တန် ၉၅၀ တင်ပို့နိုင်ခဲ့ပါတယ်။

 

ကော့သောင်းနယ်စပ်မှ ပင်လယ်ငါးရှဉ့် ၆ တန်ကျော်တင်ပို့

 

          မြန်မာ-ထိုင်းနယ်စပ်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၁၃ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၆ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ကန်ဒေါ်လာ  ၁ ဒသမ ၉၂၇ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၂၂၀၅ တန်နီးပါး၊ ပုစွန် ၉ တန်ကျော်၊ ကင်းမွန် ၆၆ တန်ကျော်၊ ကဏန်း ၄ တန်ကျော် ၊ ရေဘဝဲ ၄ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

 

မြိတ်နယ်စပ်မှ ကဏန်းမျိုးစုံတင်ပို့

 

          မြန်မာ-ထိုင်းနယ်စပ်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာကာလ အတွင်း ကန်ဒေါ်လာ သုည ဒသမ၂၃၈ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံဖြစ်သော ကဏန်းသေး(အသေ)၂ တန် ကျော် ၊ သဲဂဏန်း ၁၀ တန်နီးပါး၊ ကဏန်းနီ ၁၈ တန်၊ ကဏန်းပျော့ ၃၂ တန် ကျော် တင်ပို့ နိုင်ခဲ့တဲ့ အပြင်ငါးမျိုးစုံ ၁၅၄၈ တန်ကျော်၊ ရေငန်ပုစွန် ၂၁ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်၊ ငါးမှုန့် တန် ၁၂၀ ၊ ပုစွန်ခြောက် ၃ တန် ၊ ပုစွန် ၅၅ တန်ကျော်နဲ့ ငါးခြောက် ၁၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။