အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၆)သင်တန်းဖွင့်ပွဲကျင်းပ

 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ တာဝန်ယူဖွင့်လှစ်တဲ့ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း အမှတ်စဉ်(၆)ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀းဝဝချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရုံး ပဉ္စမထပ် ညီလာခံခန်းမမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ပြည်ထောင်စု ဝန် ကြီး အကြံပေးဒေါက်တာမောင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ၊နည်းပြများ၊ ဧည့်သည်တော်များနဲ့ သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းကို သင်တန်းသားဦးရေ (၉၀) ကျော်တက်ရောက်မှာဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်း(၂၀)ဝန်းကျင်နဲ့ ပြင်ပမှ (၇၀)ကျော်တက်ရောက်ခဲ့ကြမှာဖြစ်ပြီးသင်တန်းကာလမှာ (၄)လကြာ မြင့်မှာဖြစ်ပါတယ်။ သင်တန်းမှာ One Stop Services အဖွဲ့ဝင်ဌာနများ၊ ဆက်စပ်ဌာနများမှ လုပ်ထုံးလုပ်နည်း ဆိုင်ရာများကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်မှုနယ်ပယ်မှာ လက်တွေ့အောင်မြင်မှု ရရှိနေတဲ့ ကုမ္ပဏီကြီးများမှ တာဝန်ရှိသူများကို ဖိတ်ကြားပြီး အတွေ့အကြုံများ ှ့ Share လုပ်ပေးသွားရန် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားမှာ လမ်းညွှန်ခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ရဲ့ ကုန်သွယ်မှု ကဏ္ဍစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများ၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုပညာ ပြန့်ပွားရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းစဉ်များကို ပိုမိုမြန် ဆန်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပြီး ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကိုလည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒီလိုလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လုပ်ငန်း နယ်ပယ် အသီး သီးရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ပါကြောင်း ၊ ဒါကြောင့်မို့ ကုန်သွယ်ရေးကဏ္ဍစဉ်ဆက်မပြတ် တိုးတက်စေရန်နဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလမှ စတင်၍ ကုန်သွယ်မှုသင်တန်းကျောင်းကို ဖွင့်လှစ် ခဲ့တယ်လို့ ရှေးဦး ပြောကြားခဲ့ပါတယ်။ ကုန်သွယ်မှုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ စီးပွားကုန်သွယ်မှုနဲ့ ဆက်စပ်တဲ့ဝန်ကြီးဌာနများနဲ့ ပူးပေါင်းဆောင်ရွက်နေရတာဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) နဲ့ လက်တွဲဆောင်ရွက်နေပါကြောင်း ၊ဒါ့အပြင် မိမိတို့ ဝန်ကြီးဌာန အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ (WTO)၊ ကုလသမဂ္ဂအာရှပစိဖိတ်ဒေသစီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP)၊)ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေ ဂျင်စီD(JICA)၊ ဂျပန်ပြည်ပကုန်သွယ်မှု တိုးမြှင့်ရေးအဖွဲ (JETRO)၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)၊ နယ်သာလန်နိုင်ငံရဲ့ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန (CBI) စတဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင် ရွက်နေကြောင်း၊ နိုင်ငံတကာနဲ့ ကုန်သွယ်မှုများ တိုးချဲ့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားပါတယ်။ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး အကောင်အထည် ဖော်လျက်ရှိပြီး လိုက်လျော ညီထွေ ရှိစေမဲ့ ကုန်သွယ်မှုမူဝါဒများ၊ လုပ်ငန်းစဉ်များ ၊ဆောင်ရွက်ရန် အချက်များကို ရေးဆွဲအကောင် အထည်ဖော်လျက်ရှိကြောင်း ၊ ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှာ ကုန်သွယ်မှုကဏ္ဍရဲ့ လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက် ရန်ဆိုတဲ့ ရည်မှန်းချက် လုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်ရန်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ ပုဂ္ဂလိက စီးပွားရေး ၊ကုန်သွယ်ရေး လုပ်ငန်းရှင်များ၊ ကုန်သွယ်မှု လုပ်ငန်းများ၌ စိတ်ပါဝင်စားသူများကို ကုန်သွယ်မှု ဆိုင်ရာ ပညာရပ်များ သင်ကြားပို့ချပေးနေခြင်း ဖြစ်ကြောင်း၊ ကုန်သွယ်မှု ဆိုင်ရာ ပညာရပ်များကို ကုန်သွယ်မှု သင်တန်းကျောင်း၌ သင်ကြား ပို့ချပေးရာမှာ ကုန်သွယ်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ၊ ကုန်ပစ္စည်း အရည်အသွေး ဆိုင်ရာလုပ်ငန်းများ၊ ဉာဏ မူပိုင်ခွင့် ဆိုင်ရာ လုပ်ငန်းများ၊ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများစတဲ့ လုပ်ငန်းနယ်ပယ် အသီးသီးရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကိုပို့ချလျက်ရှိတဲ့အပြင် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို သင်ကြား ပို့ချပေးလျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။ သင်တန်းမှာ သင်ကြားမဲ့ ဘာသာရပ်များအား မိမိဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနဲ့သက်ဆိုင်သော အခြားဝန်ကြီးဌာနများရဲ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ အရာထမ်းများ၊ ပြင်ပဘာသာရပ်ကျွမ်းကျင်သူ ပညာရှင် များဖြင့် သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သင်တန်းသူ၊ သင်တန်းသားများအား ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းဌာနများသို့ လက်တွေ့လေ့လာရေးခရီးစဉ်များ စီမံဆောင်ရွက်ပေးမှာဖြစ်ပြီး၊ ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ဟောေြ ပာပွဲများ ကိုလည်း စီမံဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း ၊ သင်တန်းသူ သင်တန်းသားများအနေနဲ့ ယခုဖွင့်လှစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု သင်တန်းအမှတ်စဉ် (၆)မှာ သင်ကြားမည့်ဘာသာရပ်များအား သင်ယူပြီး ပြည်တွင်း၊ ပြည်ပတွင် ကုန်သွယ်မှု လုပ်ငန်း များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ၊ဒါ့ကြောင့် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်း တွင်ပို့ချသည့် ဘာသာ ရပ်များအား စိတ်ပါဝင်စားစွာဖြင့် သင်ယူ၍ ကုန်သွယ်မှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ဘောင် တန်းဆောင်ရွက်နိုင်ကြ ပါစေလို့ ဆန္ဒပြုကြောင်း နိဂုံးချုပ် စကားပြောကြား ခဲ့ပါတယ်။ သင်တန်းမှာ သင်ကြားမဲ့ သင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်ပြီးလည်း သင်တန်း စတင်ဖွင့်လှစ်စ သင်တန်း အပတ်စဉ်များနဲ့မတူဘဲ အပတ်စဉ်(၃) ကစပြီး JETRO မှပညာရှင်များက ကုန်သွယ်မှု နယ်ပယ်ရှိ ကဏ္ဍ အသီးသီးကို ကွင်းဆင်းလေ့လာပြီး ကုန်သွယ်မှုကဏ္ဍမှာ အမှန်တကယ်လိုအပ်ချက်များကို သင်ရိုး ညွှန်းတန်းမှာ ဖြည့်စွက်သင်ကြားရန် စီစဉ်ဆောင် ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအရေးပါပုံ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ပို့ကုန်သွင်းကုန် ဆိုင်ရာ မူဝါဒများ၊ ှ Stock Exchange ၊ Pre shipment Inspetion ၊Global Logistics၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဗီယက် နမ်စတဲ့ ပြည်ပနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ကျင့်သုံးတဲ့ ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများ၊ နိုင်ငံခြားငွေပေးချေမှုစနစ်၊ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေ၊ Global Supply chain & Value Chain ၊စီးပွားရေး ဆိုင်ရာ ကျင့်ဝတ် များ၊အခွန်အတုတ် ဆိုင်ရာများ၊ ဈေးကွက်သုတေသန၊ မြန်မာ့ SME ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုလုပ်ငန်းများ ဆိုင်ရာမူဝါဒများစတဲ့ ဘာသာရပ်များကို ထည့်သွင်းပို့ချ သွားမယ်လို့ သိရပါတယ်။ သင်တန်းကာလ အတွင်းမှာ စီးပွားရေးကျွမ်းကျင် ပညာရှင်များကို ဖိတ်ကြားပြီး စီးပွားရေး ဆိုင်ရာ ဟောပြောပွဲများ ကိုလည်းထည့်သွင်း ကျင်းပသွားမယ်လို့လည်း သိရှိရပါတယ်။

       

                                                                        MIRT ( DCCA)