လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များတင်သွင်းရောက်ရှိ

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (60 KW, EV Charger) များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁-၁-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့် ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဒီဇင်ဘာလတတိယပတ်တွင် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၂၆၆ သန်းကျော် တင်ပို့နိုင်ခဲ့

   ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆ သန်း ကျော်ရှိသည်။ နှစ်သစ်ကူးကာလဖြစ်၍ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပနိုင်ငံများမှ ဝယ်လိုအားအတက်ဘက်သို့ ဦးတည်လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံနှင့် အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရာဘာစိမ်း၊ ကြက်သွန်နီစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုဇွန်နှင့် အခြားရေထွက်များ ပိုမိုတင်ပို့နိုင်သကဲ့သို့  စက်မှုကုန်ချောများဖြစ်သည့် CMP ချုပ်ပြီး အထည်များ လည်း ပိုမိုတင်ပို့နိုင်ခဲ့သည်။
 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄,၉၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ ဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
 

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

    အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၉-၁၂-၂၀၂၃) ရက်နေ့တွင်လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၆
 

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းက Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာကျပ် ၄၉၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှု နှင့် အညီပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရ မည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
 

လျှပ်စစ်သုံးမော်တော်ယာဉ်များရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာ‌သော တရုတ်နိုင်ငံထုတ် Hongqi EQM5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၂-၁၂-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရှိ

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်နေ့မှ 15 ရက်ထိ တွင် တန်ဖိုး အမေရိကန်ဒေါ်လာ 254 သန်းကျော် ရှိသည်။ ယခုအပတ်တွင် လယ်ယာထွက် ဆန်၊ ဆန်ကွဲ ၊ နှမ်း ၊ ဖရဲ ၊ သခွား ၊ တစ်သျှူးငှက်‌ပျော သစ်သီးဝလံများ ၊ ရော်ဘာ ၊ ကော်ဖီ စသည့် နှစ်ရှည်သီးနှံထွက်ကုန်များ ၊ သွပ် ၊ ကြေးနီသတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ချုပ်ပြီး အထည်တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ထက် အမေရိကန်ဒေါ်လာ ၃၃ သန်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။ 
 

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Neta U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ The Golden Octopus Co., Ltd., မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များ၊ N.P.K Motors Co., Ltd.