ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် နေ့မှ ၂၂ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
