စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း စားသုံးဆီ သိုလှောင်ဖြန့်ဖြူးမှုနှင့် ပြောင်းနှင့်ဆန် ပြည်ပသို့ တင်ပို့နေမှုများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ရောက်ရှိပြီး တာဝန်ခံတစ်ဦးမှ ဆီများ ပြည်ပမှမှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်း စားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စားသုံးဆီအရည်အသွေး စစ်ဆေးမှုအခြေအနေများ၊ ပြည်သူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ပ
