နောက်ဆုံးရ သတင်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၂၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။
ပြည်ပပို့ကုန် တင်ပို့နိုင်မှုအခြေအနေ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီလ ၅ ရက်ထိ ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ရရှိခဲ့သည်။ ယခုရက်သတ္တပတ်တွင် လယ်ယာကဏ္ဍမှ ပြောင်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေပဲဆံ၊ နှမ်း၊ ကြက်သွန်နီ၊ ဂျင်းခြောက်၊ မန်ကျည်းသီး၊ သစ်သီးဝလံ ဖရဲသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တစ်သျှူး ငှက်ပျောသီး၊ ငှက်ပျောသီး(ရိုးရိုး) တို့တင်ပို့မှုပိုမိုခဲ့သည်။
လျှပ်စစ်သုံးယာဉ်များနှင့် လျှပ်စစ်သုံးဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Neta U အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Bestune Natအမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ Paragon Machinery Power Goup Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dayun Yuehu S1 (VIP Version) အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် NCX Myanmar Co., Ltd.
ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်း (၁/၂၀၂၄) အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီချိန်တွင် ကုန်သွယ်ရေးဦးစီးဌာန၊ ကွန်ပျူတာသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာကျပ် ၄,၉၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့် ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်း လဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်း ကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက် ရှိပါသည်။
ပြည်ပပို့ကုန်တင်ပို့နိုင်မှုအခြေအနေ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၃ ရက် မှ ၂၉ ရက်ထိ) ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၈ သန်းကျော်ရရှိခဲ့သည်။ ယခုရက်သတ္တပတ် တွင် လယ်ယာထွက်ကုန်များမှ ဆန်၊ ပြောင်း၊ ရာဘာစိမ်းနှင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပဲယင်း၊ စွန်တာနီ/စွန်တာပြာပဲ၊ ပဲနီကြား၊ မြေပဲဆံတို့ ပိုမိုတင်ပို့နိုင်ခဲ့သည်။ စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်၊ ဂျင်း၊ မန်ကျည်းသီး၊ နနွင်းတက်၊ ကြက်သွန်နီများကိုလည်း တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ယီမင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နိုင်ငံ ဈေးကွက်များသို့ ပမာဏများများတင်ပို့နိုင် လျက်ရှိသည်။
