စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း (၁၅) ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာ ပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲ အခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ်နိုင်ငံတကာပြပွဲဗဟိုဌာန၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက် နေ့အထိ ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံး အဆောင်ပစ္စည်းများပြပွဲ အခမ်းအနားသို့တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ (၁၆:၄၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့သည်။
